ထိုင်ပေ ၁၀၁
ထိုင်ဝမ်၊ ထိုင်ပေ၊ Xinyi ခရိုင်ရှိ မိုးမျှော်တိုက်
ထိုင်ပေ ၁၀၁ (臺北101) တစ်နည်းအားဖြင့် ထိုင်ပေ ငွေရေးကြေးရေး စင်တာသည် ထိုင်ပေမြို့၏ အထင်ကရ မိုးမျှော်တိုက်ကြီးဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသောအခါ ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးဖြစ်ခဲ့သည်မှာ ဒူဘိုင်းရှိ ခါလီဖာ မိုးမျှော်တိုက် ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်သည့် အချိန်အထိ ဖြစ်သည်။ [၂] ထိုင်ပေ ၁၀၁ သည်လည်း ခေတ်သစ် ထိုင်ဝမ်၏ သင်္ကေတတစ်ခု ဖြစ်လာပါပြီ။ နှစ်ကူးအကြိုညတွင် ထိုင်ပေ ၁၀၁ အဆောက်အဦးမှ မီးရှူးမီးပန်းများ ထုတ်လွှတ်ခြင်းသည် ထိုင်ဝမ် နှစ်ကူးပွဲတော်တွင် အရေးပါသည့် အစီအစဉ် တစ်ရပ်ဖြစ်လာကာ နိုင်ငံတကာ မီဒီယာများက အသားပေး ဖော်ပြသည့် အကြောင်းအရာတစ်ရပ် ဖြစ်သည်။
ထိုင်ပေ ၁၀၁ | |
---|---|
အထွေထွေ အချက်အလက်များ | |
တည်နေရာ | Xinyi District, Taipei, Taiwan |
ကုန်ကျငွေ | NT$ 58 billion (USD $ 1.76 billion)[၁] |
ပိုင်ဆိုင်သူ | Taipei Financial Center Corp. |
စီမံခန့်ခွဲမှု | Urban Retail Properties Co. |
အမြင့် | |
ကောင်းကင်တိုင် ခေါင်ချွန်း | 509.2 m (1,670.6 ft) |
အမိုး | 449.2 m (1,473.8 ft) |
အပေါ်ဆုံးအထပ် | 439.2 m (1,440.9 ft) |
အသေးစိတ် အချက်အလက်များ | |
ကြမ်းခင်း ဧရိယာ | 412,500 m2 (4,440,100 ft2) |
ဓာတ်လှေကား | 61, including double-deck shuttles and 2 high speed observatory elevators) |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | C.Y. Lee & partners |
အင်ဂျင်နီယာ | Thornton Tomasetti |
အဓိက ကန်ထရိုက်တာ | KTRT Joint Venture, Samsung |
ထိုင်ပေ ၁၀၁ အဆောက်အဦးတွင် မြေအောက် ၅ ထပ်နှင့် မြေပြင်အထက် ၁၀၁ ထပ်ရှိသည်။ ထို့ကြောင့်လည်း ယင်းအဆောက်အဦးအား ထိုင်ပေ ၁၀၁ ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ My E Gov, The E-government Entry Point of Taiwan - Taiwan Yearbook 2005 Archived 15 January 2009 at the Wayback Machine., Wikipedia - List of world's most expensive single objects
- ↑ CTBUH Tallest Database။ 6 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2009 တွင် ပြန်စစ်ပြီး။