ထို့ကြောင့် သင်္ကေတ
ယုတ္တိတန်သော အငြင်းအခုံနှင့် သင်္ချာဆိုင်ရာ အထောက်အထားများတွင် ထို့ကြောင့် သင်္ကေတ ∴ကို ယုတ္တိဗေဒ၏ နိဂုံးပိုင်းကဲ့သို့သော ယုတ္တိအကျိုးဆက် မတိုင်မီ ယေဘုယျအားဖြင့် အသုံးပြုသည်။ သင်္ကေတသည် တရားဝင်စာရေးရာတွင် ယေဘုယျအားဖြင့် အသုံးမပြုသော်လည်း ၎င်းကို သင်္ချာနှင့် အတိုကောက်များတွင် အသုံးပြုသည်။
∴ | |
---|---|
ထို့ကြောင့် သင်္ကေတ | |
ယူနီကုဒ်တွင် | U+2234 ∴ therefore (HTML ∴ • ∴ ) |
ဆက်စပ် | |
အခြားကြည့်ရန် | ဆင်တူသင်္ကေတများ (အောက်တွင်ရှု) |
သုံးစွဲပုံ နမူနာ
ပြင်ဆင်ရန်တိယုတ္တိဆင်ခြေတွင် သုံးစွဲပုံ
- နတ်ဘုရားများ အားလုံးသည် ထာဝရရှင်သန်သူများ ဖြစ်သည်။
- ဇုစ်သည် နတ်ဘုရားတစ်ပါး ဖြစ်သည်။
- ∴ ဇုစ်သည် ထာဝရရှင်သန်သူ ဖြစ်သည်။
သင်္ချာတွင် အသုံးပြုပုံ
- x + 1 = 10
- ∴ x = 9
အခြားသုံးစွဲမှုများ
ပြင်ဆင်ရန်မိုးလေဝသပညာတွင် 'ထို့ကြောင့်' သင်္ကေတကို အသင့်အတင့် မိုးရွာသွန်းခြင်းကို ရည်ညွှန်းရာတွင် သုံးစွဲသည်။[၁][၂]
ယူနီကုဒ်
ပြင်ဆင်ရန်သင်္ကေတသည် ယူနီကုဒ် ကုဒ်ပွိုင့်တွင် U+2234 ∴ therefore (HTML ∴
• ∴
) နေရာတွင် ပါရှိသည်။
ဆင်တူသင်္ကေတများ
ပြင်ဆင်ရန်∵ ஃ ⁂ ⛬ | |
---|---|
ဆင်တူသင်္ကေတများ | |
ယူနီကုဒ်တွင် | U+2235 ∵ because (HTML ∵ )U+0B83 ஃ tamil sign visarga U+2042 ⁂ asterism U+26EC ⛬ historic site |
ပြောင်းပြန်ပုံစံဖြစ်သော ∵ ကို အဘယ့်ကြောင့်ဆိုသော် သင်္ကေတ အဖြစ် သိရှိကြသည်။
တမီးလ်စာတွင် ஃ (ဝိစာဂ) သည် တမီးလ်ဘာသာစကားရှိ အထူးပြုအသံ āytam ကို ရည်ညွှန်းသည်။
⁂ ကို မိုးလေဝသပညာရပ်တွင် 'ဆီးနှင်း အသင့်အတင့်' ကို ရည်ညွှန်းသည်။
ဂရပ်ဖစ်ထပ်တူသင်္ကေတ ∴ သည် ဂျပန်မြေပုံသင်္ကေတတွင် လက်ဖက်စိုက်ခင်းကို ရည်ညွှန်းသည်။ အချို့သော မြေပုံများတွင် အထူပုံစံ ⛬ ကို အမျိုးသားအထိမ်းအမှတ်၊ သမိုင်းဝင်နေရာ အဖြစ် ရည်ညွန်းပြီး ယင်းတွင် ကိုယ်ပိုင် ယူနီကုဒ် ကုဒ်ပွိုင့် ရှိသည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Ahrens၊ C. Donald (2011)။ Essentials of Meteorology: An Invitation to the Atmosphere (6th ed.)။ Belmont, CA: Brooks/Cole။ p. 461။ ISBN 9780840049339။ OCLC 651905769။
- ↑ Station Model Information for Weather Observations။ 2019-07-16 တွင် ပြန်စစ်ပြီး။
- ↑ U+26EC ⛬ historic site (HTML
⛬
)