ထီးခီးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်တွင်ရှိသော တနင်္သာရီတိုင်းတွင်ရှိသည့် အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်တစ်ခု၏ မြန်မာနိုင်ငံဘက်ခြမ်းဒေသအမည် ဖြစ်သည်။ အဆိုပါ "ထီးခီး-ဖူနာရွန်"နယ်စပ်ဝင်/ထွက်ပေါက်ကို ၂၀၁၃-ခုနှစ် ဩဂုတ်လ ၂၈-ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၂] ထီးခီးနယ်စပ်ဂိတ်ဟုလည်းခေါ်သည်။ ဤဒေသတွင် ထီးခီးကုန်သွယ်ရေးစခန်းကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လာရောက်ဖွင့်လင့်ထားသည်။ [၃]

ထီးခီး
Htee Kee
ထီးခီး Htee Kee သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထီးခီး Htee Kee
ထီးခီး
Htee Kee
တည်နေရာပြမြေပုံ
Elevation၃၂၀ m (၁၀၅၀ ft)[၁]
Locationမြန်မာထိုင်း နယ်စပ်
Rangeတနင်္သာရီတောင်တန်း
Coordinates13°53′17″N 99°4′47″E / 13.88806°N 99.07972°E / 13.88806; 99.07972ကိုဩဒိနိတ်: 13°53′17″N 99°4′47″E / 13.88806°N 99.07972°E / 13.88806; 99.07972

တည်နေရာ ပြင်ဆင်ရန်

ဤဒေသသည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာအုပ်စုတွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

ထီးခီးနယ်စပ်ဂိတ်သည် ယခင်က ကရင် အမျိုးသား အစည်းအရုံး(KNU သို့မဟုတ် ကေအဲန်ယူ) တပ်မဟာ(၄)၏ ဌာနချုပ် အခြေစိုက်ရာနေရာဖြစ်သည်။ ၂၀၁၃ ခုနှစ် မေလတွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ကေအဲန်ယူနှင့် မြန်မာအစိုးရတပ်တို့ နှစ်ဘက်လုံး ထိန်းချုပ်မှုရှိနေသည့် နေရာဖြစ်သည်။[၄][၅]

ထီးခီးကုန်သွယ်ရေးစခန်း ပြင်ဆင်ရန်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထီးခီးကုန်သွယ်ရေးစခန်းကို ၂၀၁၃-ခုနှစ်၊ မေလ ၁၁-ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျပ်ငွေ၊ ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာများကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်နိုင်သည်။[၃]

ကုန်သွယ်မှု လမ်းကြောင်းအကွာအဝေးများ ပြင်ဆင်ရန်

လမ်းကြောင်းအမည် အကွာအဝေး
ထားဝယ် - မေတ္တာမြို့ ၃၄-မိုင်
မေတ္တာမြို့ - ထီးခီး ၆၃-မိုင်
ထားဝယ် - ထီးခီး ၉၇-မိုင်
ထီးခီး - ကမ်ချနပူရီ ၄၃-မိုင်
ထီးခီး- ဘန်ကောက် ၈၇-မိုင်

[၃]

ခရီးသွားလုပ်ငန်း ပြင်ဆင်ရန်

၂၀၁၆-ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပွန်ပီပက်ကုမ္ပဏီ(Myanmar Pongpipat Co. Ltd.)အား ဤဒေသတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြေဧရိယာ ဧက ၅၀ ပေါ်တွင်လုပ်ကိုင်ခွင့်ပေးခဲ့သည်။[၆]

ဆက်စပ်စာမျက်နှာ ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ဂူးဂဲလ်မြေပုံရှိ ထီးခီးတည်နေရာ (Htee Kee on Google Maps)။ 2020-08-19 တွင် ပြန်စစ်ပြီး။
  2. မဟာမဲခေါင်ဒေသ၊ နယ်စပ်ဖြတ်သန်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်။ 27 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-16 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ထီးခီးကုန်သွယ်ရေးစခန်း။ 2018-06-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-13 တွင် ပြန်စစ်ပြီး။
  4. ကျော်ခ (2016-07-04)။ ထီးခီးဂိတ် ပြဿနာ ဖြစ်ပွားပြီးနောက် JMC - S ဒု ဥက္ကဋ္ဌ နုတ်ထွက်။ 2019-05-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-20 တွင် ပြန်စစ်ပြီး။
  5. ထားဝယ်-ကန်ချနပူရီ ကားလမ်းတွင် မြန်မာအစိုးရတပ်ပိုမိုတိုးချဲ့လာ (2011-10-26)။ 20 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-20 တွင် ပြန်စစ်ပြီး။
  6. ထီးခီးနယ်စပ် ဟိုတယ်လုပ်ငန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ညွှန်ကြားချက်ဖြင့် စစ်ဆေး (2018-08-06)။ 2020-08-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-19 တွင် ပြန်စစ်ပြီး။