အိမ်ဆောက်ရာတွင် တိုင်နှစ်တိုင်၏ထိပ်၌ တင်၍ထားသော သစ်သားတန်းကို ထုပ်ဟုခေါ်သည်။ ထုပ်မှာ ပိသုကာနှင့် အင်ဂျင်နီယာတို့၏ လက်သုံးပစ္စည်းဖြစ်သည်။ ထုပ်၏ သဘောမှာ လေးလံသော အဆောက်အအုံ ကိုယ်ထည်တို့ကို ထမ်းပိုးထောက်မ၍ ထားနိုင်စေသော သဘောဖြစ်သည်။

အိမ်ဆောက်သည့်အခါ တိုင်နှစ်တိုင်ပေါ်တွင် ထုပ်ကိုတင်၍၊ ထိုထပ်၏အထက်၌ အိမ်ခေါင်မှဆင်းလာသော ဒိုင်းတို့ကို၎င်း၊ ပျဉ်ထရံ၊ အုတ်ထရံတို့ကို၎င်း တင်၍ထားလေ့ရှိသည်။

ထိုပြင်လည်း ချောင်းကူးတံတားတို့၌ ချောင်း၏ ဟိုဘက်ကမ်း နှင့် သည်ဘက်ကမ်းကို ဆက်ရန်အတွက် အသုံးပြုသည်။ များ သောအားဖြင့် ထုပ်မှာ သစ်သားဖြစ်၏။ သို့သော် ယခုခေတ်၌ ကား အားဖြည့် သံကူကွန်ကရိနှင့် အင်္ဂလိပ်အက္ခရာ ၍ ပုံ သဏ္ဌာန်ရိသော သံမဏိတို့ကို ထုပ်အဖြစ်ဖြင့် အသုံးပြုကြ သည်။

အင်ဂျင်နီယာပညာသုံး စကားဖြင့်ပြောရသော် 'ထုပ်ဟူ သည်မှာ ထောက် ၂ ခုဖြင့်သော်လည်းကောင်း၊ ၂ ခုထက်မကသော ထောက်များဖြင့်သော်လည်းကောင်း၊ ထောက်ပင့် မတင်ထား၍၊ အထက် ၌ရှိသော အလေး၏ဒဏ်ကို စင်းလျက်ခံရသော အဆောက်အအုံ ပစ္စည်းတစ်ရပ်ဖြစ်သည်'ဟု ဆိုရပေမည်။ ချောင်းတစ်ခုကို ဖြတ်၍ ချောင်းနှုတ်ခမ်း၌ တံတားခင်းသော် ထိုတံတားသည် ရိုးရိုးထောက်ထုပ်ဖြစ်သည်။ ထိုတံတား၏ အစွန်းနှစ်ခုကို အုတ် အင်္ဂတေတို့ဖြင့် အခိုင်အမာတည်ဆောက်လျှင်၊ ယင်းထုပ်ကို အင်္ဂတေမံထုပ်ဟု ခေါ်ကြသည်။

အကယ်၍ ထုပ်ကို တစ်ဘက်၌သာထောက်၍၊ အခြားတစ် ဘက်တွင် မထောက်ဘဲထားလျှင်၊ ထိုထုပ်မျိုးကို တစ်ဘက်ထိန်း ထုပ်ဟုခေါ်သည်။ ချောင်းသည်ကျယ်၍ တံတားကို ကမ်းနဖူး ပေါ်တွင် တင်ပြီးနောက် အလယ်မှ တိုင်တစ်လုံး သို့မဟုတ် တစ်လုံးထက်ပို၍ ထောက်ပေးလျှင်၊ ထိုထုပ်မျိုးကို တဆက် တည်းထုပ်ဟု ခေါ်သည်။

အထက်ပါထုပ်မျိုးအပြင် အပိုးခံထုပ်တစ်မျိုးလည်း ရှိသေး သည်။ အလွန်ကျယ်သောအပေါက်တွင် အထက်မှ တစ်စုံ တစ်ရာကို ထောက်မထားရန် သုံးသည့်ထုပ်ကို အပိုးခံထုပ်ဟု ခေါ်သည်။ ရှေးအခါက အပိုးခံထုပ်ပြုလုပ်ရန် အခြားပစ္စည်းများ ကို မရနိုင်သဖြင့်၊ သစ်သားကိုသာ အသုံးပြုခဲ့ကြရသည်။ ယခု ခေတ်တွင်မူ အိမ်အုတ်မြစ်ကို ထောက်မထားရန် အင်္ဂတေ သို့မဟုတ် သံမဏိထုပ်ကို အသုံးပြုလေ့ရှိသည်။ စက်လွှများ မပေါ်မီခေတ်က ထိုထုပ်များကို ပုဆိန်နှင့် အကြမ်းခုတ်ထွင်း၍ သုံးစွဲခဲ့ကြရသည်။

သံထုပ်များပြုလုပ်ရာတွင် ပထမ နီရဲနေသော သံတုံးများကို ည|ပ်စက်ဖြင့် ဆင့်ပြုလုပ်ရသည်။ ထိုနောက် တစ်ဖန် ထိုဆင့် တွင် သံမဏိပြားများကို ရစ်ဗစ်ရိုက်၍ ထုပ်ပြုလုပ်ယူသည်။ သေတ္တာပုံထုပ်မျိုးပြုလုပ်ရာတွင် ထောင်လိုက်သံပြားတန်း ၂ တန်းကို အနည်းငယ်ခြားထား၍၊ သံမဏိပြားများ၌ ရစ်ဗစ်ရိုက် ယူသည်။ ဖားလေးခု၊ သံမဏိပြား ၂ ပြား၊ ထောင်လိုက်သံပြား စသည်တို့ဖြင့် ပြုလုပ်ယူသော အခြားထုပ်မျိုးများလည်း ရှိသေး သည်။

ထုပ်ပေါ်တွင် အလေးချိန်တင်လိုက်သောအခါ၊ ထိုအလေး ချိန်က ထုပ်ကို ပုံပြောင်းသွားစေသည်။ အလေးချိန်ကို ဖယ် လိုက်သောအခါ၊ ထုပ်သည် မူလပုံကို ပြန်ယူလိုသော သဘော ရှိသည်။ ထုပ်၏ အထက်ပိုင်းသည် အလေးကြောင့် အဖိခံရ၍၊ အောက်ပိုင်းမှာမူ ဆွဲဆန့်ခံရသည်။ ထိုအခြေ၌ ထုပ်ကို စစ်ဆေး ကြည့်လျှင်၊ ဖိအားဆုံး၍ ဆွဲဆန့်အား စသောအချက်ကို တွေ့ရ ပေမည်။ ဤအချက်ကို ကြားနေဝင်ရိုးဟုခေါ်သည်။

စတုဂံပုံထုပ်နှင့် ခေါက်ရိုးညီပုံ ထုပ်တို့တွင် ဤအချက်သည် အလယ်ဗဟို၌ရှိသည်။ ဤကြားနေဝင်ရိုး၌ ကျုံ့ခြင်းနှင့် ဆွဲဆန့် ခြင်း လုံးဝမရှိချေ။

ထုပ်များတွင် အထက်နှင့်အောက်ရှိ အလွှာများ၌ ဒဏ်ခံအား အများဆုံးလိုသည်။ သို့သော် စတုဂံပုံသဏ္ဌာန်အစား၍ ပုံ သဏ္ဌာန်ထုပ်ကို အသုံးပြုလျှင်၊ အများဆုံးလိုနေသော ဒဏ်ခံ ဖိအားကို ရမြဲရနိုင်သည်ကိုတွေ့ရ၏။ ၍ ပုံသဏ္ဌာန် သံမဏိ ထုပ်ကို အသုံးပြုခြင်းအားဖြင့်၊ သံမဏိကို ခိုနိုင်သည့်အပြင် ထုပ်၏အလေးချိန်ကိုလည်း နည်းပါးစေနိုင်သည်။ ထိုကြောင့် စတုဂံပုံသဏ္ဌာန် သစ်သားထုပ်ထက် သံမဏိထုပ်က ပို၍ အရာရောက်ပုံကို နားလည်နိုင်ပေသည်။ သံမဏိထုပ်တွင် ဒဏ် ခံအားလိုသည့်နေရာ၌ သံမဏိများများရှိ၍ ဒဏ်ခံအားမလို သည့်နေရာ၌ သံမဏိနည်းနည်းရှိသည်ကို တွေ့ရပေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)