ထူပါရာမယ
ထူပါရာမယသည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ Mahamewna ဥယျာဉ်အတွင်းတွင် တည်ရှိသည်။ စေတီတော်သည် ကျွန်း၌ အစောဆုံးတည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုးတစ်ခုလည်း ဖြစ်သည်။ ဒေဝနမ္ပိယ တိဿဘုရင် Devanampiya Tissa (247-207 BC) ခေတ်ကာလက တည်ထားခဲ့သည်။[၁] စေတီတော်ကို အစိုးရက သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ထားသည်။[၂]
ထူပါရာမယ | |
---|---|
ථූපාරාමය | |
The Stupa | |
အချက်အလက်များ | |
တည်နေရာ | Anuradhapura |
ကိုဩဒိနိတ် | 8°21′19″N 80°23′46″E / 8.35528°N 80.39611°Eကိုဩဒိနိတ်: 8°21′19″N 80°23′46″E / 8.35528°N 80.39611°E |
ဘာသာရေး နှီးနွယ်မှု | Theravada Buddhism |
ခရိုင် | Anuradhapura |
စီရင်စု | North Central Province |
နိုင်ငံ | Sri Lanka |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist Temple |
တည်ထောင်သူ | King Devanampiya Tissa (247-207 BC) |
အနံ | 4 |
သမိုင်း
ပြင်ဆင်ရန်စေတီတော်
ပြင်ဆင်ရန်သုပရမစေတီတော်ကို ခေါင်းလောင်းပုံစံ တည်ဆောက်ထားသည်။ စေတီတော်သည် အချိန်နှင့်အမျှ ဖျက်ဆီးခြင်းလည်း ခံခဲ့ရသည်။ ဘုရင် Agbo II လက်ထက်တွင် စေတီတော်ကို လုံးဝဖျက်စီးပစ်ပြီး ဘုရင်သည် စေတီတော်ကို ပြင်ဆင်မွမ်းမံခဲ့သည်။ ယခုလက်ရှိအချိန်မြင်တွေ့ရသည့် စေတီတော်သည် အေဒီ ၁၈၄၂ တွင် တည်ဆောက်ပြီးစီးခဲ့သည့် ပုံစံဖြစ်သည်။[၃] ရာစုနှစ်များစွာကြာမြင့်၍ အကြိမ်များစွာ အသစ်ပြုပြင်မှုများပြုပြင်ပြီးသည့် ယနေ့အချိန်တွင် စေတီတော်အောက်ခြေ၏ အချင်းသည် ၅၉ ပေ (၁၈ မီတာ) ရှိသည်။ အမိုးခုံးသည် မြေပြင်မှ ၁၁ ပေ ၄ လက်မ (၃.၄၅ မီတာ) မြင့်ပြီး အချင်း ၁၆၄.၅ ပေ (၅၀.၁ မီတာ) ရှိသည်။ စေတီတော်တွင် နှမ်းဖတ်ကျောက်ဖြင့် ပြုလုပ်ထားသည့် စင်္ကြံလမ်းရှိသည်။ ထို့အပြင် စေတီတော်ကို ပတ်ရံထားသည့် ကျောက်တိုင်များသည် အတန်းနှစ်တန်း တည်ရှိသည်။ အစောပိုင်းကာလအတွင်းက စေတီတော်၏ ပတ်လည်သည် ကျောင်းတော်ပုံစံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ပြင်ပလင့်များ
ပြင်ဆင်ရန်- Discover Sri Lanka - more information & images about Thuparamaya Archived 13 July 2011 at the Wayback Machine.
- New Photos of Thuparamaya Archived 17 January 2021 at the Wayback Machine.
ကိုးကား
ပြင်ဆင်ရန်- ↑ Gunawardena၊ C. A. (2003)။ Encyclopedia of Sri Lanka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Sterlin Publishers Pvt. Ltd., New Delhi-110020။ p. 290။ ISBN 81-207-2536-0။
- ↑ Archaeological Sites (Map)။ Department of Archaeology။ 25 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
- ↑ "සෙල්ලිපියට කොන්ක්රීට් දැමූ පින්වතුන්! (In Sinhala)"၊ Wijeya Newspapers၊ 16 September 2017။