အမှု—ခိုးသူကုန်သည်နှင့် အတူသွားမိမှု။

အမှုသည်—ရဟန်းတပါး။


ခိုးမည့်ကုန်သည်များနှင့် အတူခရီးသွားမှု ပြင်ဆင်ရန်

ကုန်သည်တစုသည် ရာဇဂြိုဟ်မှ အနောက်အရပ်သို့ ခရီးသွားရန် ပြင်ဆင်နေကြ၏။ [ပဋိယာလောကော နေရောင်၏ ရှေးရှုဖြစ်သော အနောက် အရပ်၊] ရဟန်းတပါးသည် “ငါ့ရှင်(ဒါယကာ) တို့နှင့် အတူလိုက်ပါရစေ”ဟု ပြောလေရာ, “တပည့်တော်တို့သည် (ကင်းကောက် မပေးရအောင်) ကင်းကို ရှောင်လွှဲ၍ သွားကြမလို့ပါ”ဟုလျှောက်ကြ၏၊ “သင်တို့ ဘာသာ သိကြတာပေါ့”ဟု ရဟန်းကပြော၍ လိုက်သွားလေသည်။ [၁]

စစ်မှုထမ်းတို့သည် ထိုအကြောင်းကိုကြားသဖြင့် ထိုကုန်သည်များကို လမ်းကနေ၍ ဖမ်းကြပြီးလျှင် ထိုရဟန်းကိုလည်း ကင်းခွန်မပေးရအောင် ခိုး၍သွားမည့် ကုန်သည်တွေမှန်း သိလျက် ဘာ့ကြောင့် အတူသွားရပါသလဲ”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]


သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ရဟန်းသည် ထေယျသတ္ထဟုသိလျက် ခိုး၍ လာသည့်ကုန်သည် ခိုး၍ သွားမည့်ကုန်သည်အပေါင်းနှင့် တကြောင်းထည်း အဓွန့်ရှည်သော ခရီးကို သွားအံ့၊ အောက်ထစ်ဆုံးအားဖြင့် အခြားတရွာသို့လည်း သွားအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး