ထောက်ရှာပင်ကိုမြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ကြရသည်။ ကြီးမားသော သစ်ပင်များဖြစ်၏။ ရုက္ခဗေဒအလိုအားဖြင့် 'ဗိုင်း တက်ဂလေဗရေးတား'ဟုခေါ်၍၊ 'ဗာဗီနေစီအီး' မျိုးရင်းတွင် ပါဝင်သည်။ အခေါက်မှာ မွဲပြာရောင်ရှိ၍ ချောမွတ်၏။ ကန့် လန့်ဖြတ်အစင်းကြောင်းများလည်းပါရှိသည်။ အကိုင်းအခက် များ၌ အမွေးအနည်းငယ်ရှိသည်။ အရွက်အနုကလေးများမှာ ချောမွှတ်၏။ သစ်သားမှာ အတော်အတန်မာကျော၍ ခိုင်ခံ့၏။

အရောင်မှာ မွဲပြာရောင်ရှိ၍ တောက်ပသည်။ ထောက်ရှာသား ကုဗပေ တစ်ပေလျှင် အလေးချိန်ပေါင် ၄ဝ ခန့်စီးသည်။ ယင်း တို့ကို လှည်းဝင်ရိုး၊ လှည်းထမ်းပိုး၊ လှည်းဘီး၊ လှည်းသန်၊ လှော်တက်များ ပြုလုပ်ရာ၌ အသုံးပြုသည်။ ပါလစ်ရောင် ကောင်းစွာ တင်ပေးနိုင်သဖြင့် အိမ်ထောင်ပရိဘောဂများ ပြုလုပ် ရာ၌လည်း အသုံးချနိုင်သည်။ ထောက်ရှာပင် အခေါက်နှင့် အမြစ်များကို ချုပ်ဆေးအဖြစ် အသုံးပြုကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)