ဘုန်းတော်ဘွဲ့

ထောင်ရောင်နေ ပြင်ဆင်ရန်

ထောင်ရောင်နေ။ မှောင်မှောင်ချွေ။ အမရ ရွှေဘုံမြေ။ ။

ရေဝ ရေဝ ရေဝနန်းမ။ ဘုန်းတော်ရောင် ထွန်းပ ပါလို့လေး။ ။

သက ငယ်မဉ္ဇူ။ မွှေးတည့်မွှေးလှိုင်ကြူ။ ။

ဇမ္ဗူခွန်ယူ။ ဝှန်ဆူဖြန့်မိုး။ အုံးပင်အုံးခြိမ့် စိုးပါလို့လေး။ ။

သာမျိုးသာမျိုးခြံ့ရံ။ တောင်တည့်တောင်တမန်။ ။

ဆဒ္ဒန် ဆဒ္ဒန် ဆဒ္ဒန် ကြာတော။ ရေကြည် ဇောင်းကလောငယ်နှင့်လေး။ ။

အံ့ဩ ကုန်နိုင်ဘွယ်လေး တည့်မှ။ ကန်ကြီးအောင်ပင်လယ်။ ။

ရှုဘွယ်နက်ကျယ်။ ရှုဘွယ်သာခင်း။ နန္ဒာ မြအဆင်းငယ်နှင့်။ ။

မြစ်မင်းဧရာရုံလေတည့်မှ။ ပျော်ခင်းသည်မှာဆုံ။ ။

သောင်းလုံးလုံ့ ကြေးမုံ။ ရွှေဘုံအောင်ခန်း။ သော်တာတက်သစ်ဆန်းသည်သို့။ မင်းခမ်းရွေညီလာလေတည့်မှ။ မင်းခန်းရွေညီလာ။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/