ထောင်လိုက်ခါ လှိုင်း
ရူပဗေဒရှိ ထောင်လိုက်ခါ လှိုင်းများ (အင်္ဂလိပ်: transverse waves) သည် လှိုင်းဖြစ်ပေါ်မှုကို ကိုယ်စီပါဝင်ဖော်ဆောင်သော (သာဓကအားဖြင့် - လျှပ်စစ်သံလိုက်လှိုင်းတွင်လျှင် လျှပ်စစ်နှင့် သံလိုက်စက်ကွင်း ပြင်းအားပြ ဗှတ္တာများ၊ တုန်ခါသော တူရိယာကြိုးတွင်လျှင် ကြိုးသားဒြပ်သားများ စသည့်) တိုင်းဖွယ် အခြင်းအရာတို့က လှိုင်းတခုလုံးပျံ့နှံ့မှု လားရာ (propagation direction) နှင့် ချိန်ကြည့်လျှင် ထောင်လိုက် တုန်ခါနေသမျှ လှိုင်း (သို့) အတိုးအလျော့ဂယက် ပျံ့နှံ့မှု အားလုံး ဖြစ်တော့၏။ ဤ ထောင်လိုက်ခါလှိုင်းများ မဟုတ်သော ရှေ့နောက်ခါ လှိုင်းများ (longitudingal waves) မှာမူ ၎င်းတိုင်းဖွယ်ခြင်းရာတို့၏ တိုးလျော့မှု၊ ရွေ့လျားမှု လမ်းကြောင်းက လှိုင်းတခုလုံး၏ လားရာနတလျှောက် အရှေ့-အနောက်ခါက ဂယက်လက်ဆင့်ကမ်းမှုကို ပါဝင်နေမည်။
လှိုင်းအားလုံးကမူ -
- ကြားခံဒြပ်သား (transmission medium) တခုခုကို ဖြတ်သန်း၍ စွမ်းအင် သယ်ဆောင်လျှင် သယ်ဆောင်၊ သို့တည်းမဟုတ်
- ကြားခံဒြပ်သား မလိုဘဲ ကိုယ်တိုင်က စွမ်းအင်အဖြစ် ပျံ့နှံ့လျှင်ပျံ့နှံ့၍၊
စွမ်အင်ရွေ့လျားကို ဖော်ဆောင်ကြသည်ချည်း ဖြစ်၏။[၁][၂] လျှပ်စစ်သံလိုက်လှိုင်းများမှာ စွမ်းအင်သီးသန့် (pure energy) ပျံ့နှံ့မှု ဖြစ်၍၊ ကြားခံဒြပ်သား မလိုအပ်သော ထောင်လိုက်ခါ လှိုင်းများ ဖြစ်ကြ၏။[၃]
ဆက်စပ် ကြည့်ရှုဖွယ်
ပြင်ဆင်ရန်အကိုးအကား
ပြင်ဆင်ရန်- ↑ Transverse Waves (in en-US)။ 2024-03-06 တွင် ပြန်စစ်ပြီး။
- ↑ Explainer: Understanding waves and wavelengths (in en-US) (2020-03-05)။ 2024-03-06 တွင် ပြန်စစ်ပြီး။
- ↑ Transverse Waves (in en)။ 2024-03-06 တွင် ပြန်စစ်ပြီး။