ထွန်ချစ်မင်း
ထွန်ချစ်မင်း (၅၉၈ - ၅၃၅) သည် တတိယပုဂံမင်းဆက်တွင် အုပ်စိုးသော မင်းတပါးဖြစ်သည်။ [၁]
နန်းစံကာလ (၅၂၀ - ၅၃၅)
ပြင်ဆင်ရန်ခမည်းတော် ထွန်ပစ်မင်းလွန်သည့် ကောဇာသက္ကရာဇ် ၅၂၀ ပြည့်တွင် နန်းတက်သည်။ တူရွင်းတိုင် အနောက်တောင်ဘက် ထနောင်းပုတ်တွင် နန်းဆောက်၍ နေသည်။
ကောင်းမှုတော်များ
ပြင်ဆင်ရန်ဘုရား ၉ ဆူ၊ ဂူ ၉ လုံး တည်သည်။ [၂]
ဘဝနိဂုံး
ပြင်ဆင်ရန်အသက် ၃၇ နှစ်၊ မင်းစည်းစိမ် ၁၅ နှစ်တွင် အနိစ္စရောက်သည်။
မှတ်ချက်
ပြင်ဆင်ရန်မွေးနှစ်လွန်နှစ်များမှာ မှန်နန်းလာ ဇာတာနှစ်တို့ကို ပေါင်းနှုတ်ထားခြင်းဖြစ်သည်။ သက္ကရာဇ်များသည် ပုပ္ပါးစောရဟန်း သက္ကရာဇ်မဖြိုမီနှစ်များ ဖြစ်၏။ လက်ရှိ မြန်မာပြည်၌သုံးနေသည့် ကောဇာသက္ကရာဇ် မဟုတ်။