ဦးထွန်းစိန် B.Sc, B.L.. (၁၉၃၁ - ၃၂) ပြင်ဆင်ရန်

ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယမြောက် ဥက္ကဋ္ဌ ဖြစ်သည်။ ရခိုင်ပြည် သံတွဲမြို့ ဇာတိ ဖြစ်သည်။ ၁၉၂၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် စတင် ပညာ ဆည်းပူး၍၊ ၁၉၂၈ ခုတွင် ဝိဇ္ဇာ သိပ္ပံ ဘွဲ့ထူးကို ဆွတ်ခူး ခဲ့လေသည်။ ၁၉၃၁ - ၃၂ ခုနှစ်တွင် ဥပဒေ ပညာ များကို လေ့လာ ဆည်းပူး နေစဉ်၊ တကသ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်၏။

အင်္ဂလိပ် နယ်ချဲ့ သမားများ ဘုန်းမီး နေလ တောက်ပသည့် ကာလ ဖြစ်၍ အစည်းအဝေး ပွဲများတွင်၊ ဂျော့ဘုရင် မင်းမြတ်၏ ဘုန်းတော် ဘွဲ့များကို သီဆိုကာအစည်းအဝေး ဖွင့်လှစ် ခဲ့ကြ ရ၏။ ဦးထွန်းစိန် တကသ ဥက္ကဋ္ဌ ဖြစ်သော အခါ၊ ဂျော့ဘုရင် ဘုန်းတော်ဘွဲ့ အစား တို့ဗမာ အမျိုးသား သီချင်း ဖြင့်ဖွင့်လှစ် ခဲ့လေသည်။

တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမသည် မြန်မာမဆန်၊ တရုပ် ဘုရား ကျောင်းနှင့် တူနေ၍ မြန်မာ အမျိုးသား သရုပ် ပေါ်စေရန် ခြင်္သေ့ ရုပ်များ ထားရန် တောင်းဆို ခဲ့၏။ တက္ကသိုလ် အဆောက်အဦ များတွင် အင်္ဂလန် ပြည်လုပ် သံတံခါး များကို သုံးမည့် အစား၊ မြန်မာပြည်ဖြစ် သစ်သား တံခါး များကို အသုံး ပြုရန်လည်းတောင်းဆို ခဲ့သည်။ ၁၉၃၁ခုတွင် အမျိုးသား အောင်ပွဲနေ့ စတင် ကျင်းပရာ၊အမျိုးသား အောင်ပွဲနေ့တွင် ဒေါင်းလံ (ခွပ်ဒေါင်းလံ မဟုတ်) ကို သမဂ္ဂမှ စတင် အသုံး ပြုခဲ့၏။ စီးကရက် သပိတ် မှောက်ရေးတွင်၊ သမဂ္ဂသည် ဗမာ နိုင်ငံ လူငယ်များ အစည်းအရုံး (ယခု ဗလစ မဟုတ်)၊ ဒို့ဗမာ အစည်းအရုံး တို့နှင့်ပူးတွဲ လုပ်ဆောင် ခဲ့သည်။

ဦးထွန်းစိန်သည် သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် သက်တမ်း မကုန်မီ နုတ်ထွက် သွားခဲ့သည်။

တကသမှ ထွက်ပြီးနောက် ကျောင်းဆရာ အဖြစ်လည်းကောင်း၊ ဥပဒေ မေးပွဲ အောင်မြင် ပြီးနောက်၊ ရှေ့နေ အဖြစ်လည်းကောင်း လုပ်ဆောင် ခဲ့သည်။ ဂျပန် ခေတ်တွင် ခရိုင်ဝန်အဖြစ် နိုင်ငံ တာဝန်ကို ထမ်းဆောင် ခဲ့၏။

ဒုတိယကမ္ဘာစစ် အပြီး၊ အင်္ဂလိပ်များ ပြန်ဝင် လာသော အခါ ဦးထွန်းစိန်အား ထောင်ဒဏ် ၂၅နှစ် အပြစ် ပေးခဲ့၏။ ၉ လနှင့် ၄ ရက် အကြာတွင် လွတ်မြောက်ခဲ့သည်။ ယခု ရန်ကုန်မြို့တွင် လွှတ်တော် ရှေ့နေကြီး တဦး အဖြစ်ဆောက်ရွက်လျက် ရှိသည်။


[၁]

ကိုးကား ပြင်ဆင်ရန်

  1. အိုးဝေ နှစ်လည်စာစောင်၊ ၁၉၆ဝ က 'ဒုတိယ ကမ္ဘာစစ် မတိုင်မီ တကသ ဥက္ကဋ္ဌများ' အတ္ထုပ္ပတ္တိကနေ တကသရဲ့ ဒုတိယမြောက် ဥက္ကဋ္ဌ ဖြစ်သူ "ဦးထွန်းစိန် B.Sc, B.L..(၁၉၃၁ - ၃၂)" အကြောင်း