ထွန်းဝေမြင့် (၁၉၅၆) ပြင်ဆင်ရန်

- အမည်ရင်း ထွန်းဝေမြင့်။


- တောင်တွင်းကြီး ဇာတိ။


- ၁၉၅၆ ခုနှစ်၊ မေလ ၅ ရက်ဖွား။


- အခြေခံပညာ အထက်တန်း အောင်မြင်ပြီး ၁၉၇၅ - ၁၉၇၈ ထိ ရန်ကုန် ပန်းချီ ပန်းပုကျောင်းတွင် တက်ရောက်ခဲ့သည်။


- ၁၉၈၅ ခုထုတ် စံပယ်ဖြူ မဂ္ဂဇင်းတွင် ပါဝင်သော ကဗျာနှင့် ဒဂုန် မဂ္ဂဇင်းတွင် ပါဝင်သော ဝတ္ထုတိုတို့မှာ ပထမဆုံး ပုံနှိပ် စာမူ ဖြစ်သည်။


- ထုတ်ဝေပြီးသော စာအုပ်များမှာ ခေတ်ပေါ်အသံကဗျာများ (၁၉၉၅)၊ တီကောင်နဲ့ စကြဝဠာ ကဗျာများ (၁၉၉၉)၊ ချစ်ခြင်း မေတ္တာတရား ကဗျာများ (၂၀၀၃) တို့ ဖြစ်သည်။


- ယခုအခါ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးများ ရေးခြင်း ပန်းချီ၊ ကာတွန်းများ ရေးဆွဲခြင်းများ ပြုလျက်ရှိသည်။