တမ်းပလိတ်:Solstice-equinox

ဒီဇင်ဘာယာဉ်စွန်းချိန် သို့မဟုတ် တောင်ယာဉ်စွန်းချိန် သို့မဟုတ် ဆောင်းယာဉ်စွန်းချိန်ဟု ခေါ်သော ဒက္ခိဏယာဉ်စွန်းချိန် (December Solstice) သည် ဒီဇင်ဘာလ တကြိမ် ကျရောက်တိုင်း ဂရီဂိုးရီးယန်းပြက္ခဒိန်အရ ၎င်းလ၏ ၂၀ ရက်နှင့် ၂၂ ရက်နေ့ကြားတွင် ပုံမှန် ကျရောက်လေ့ ရှိသော ယာဉ်စွန်းချိန် ဖြစ်သည်။ ဒက္ခိဏယာဉ်စွန်းချိန်သည် တောင်ကမ္ဘာလုံးခြမ်းအနေဖြင့် ကြည့်လျှင် နွေယာဉ်စွန်းချိန် (summer solstice) ဖြစ်နေပြီး၊ မြောက်ကမ္ဘာလုံးခြမ်း အနေဖြင့်မူ ဆောင်းယာဉ်စွန်းချိန် (winter solstice) သာ ဖြစ်ပေသည်။ ပါဠိဝေါဟာရအားဖြင့် ဒက္ခိဏသည် မြန်မာလို တောင်အရပ်ကို ဆိုလိုပြီး၊ ဒက္ခိဏယာဉ်စွန်းတန်းသည် တောင်ယာဉ်စွန်းတန်းပင် ဖြစ်သည်။ တောင်ယာဉ်စွန်းတန်း ရှိသကဲ့သို့ မြောက်ယာဉ်စွန်းတန်းလည်း ရှိသည်။ ဒီဇင်ဘာလတွင် ၂၀ ရက်နှင့် ၂၂ ကြားတွင် နေရောင်ခြည်သည် တောင်ယာဉ်စွန်းတန်းပေါ် တည့်မတ်စွာ ကျရောက်သည်ကို အစွဲပြု၍ ဒက္ခိဏယာဉ်စွန်းချိန်ဟု ခေါ်ဝေါ်သည်။

ရက်စွဲများ ပြင်ဆင်ရန်

ယူနီဗာဆယ်ချိန်အရ၊ မကြာသေးမီက အတိတ်နှင့် အနာဂတ် နေ့စွဲနှင့် အချိန် တကွ ကျရောက်သည့် ဒီဇင်ဘာယာဉ်စွန်းချိန်များမှာ [၁]

ရက်စွဲ အချိန်
2000-12-21 13:37
2001-12-21 19:21
2002-12-22 01:14
2003-12-22 07:04
2004-12-21 12:42
2005-12-21 18:35
2006-12-22 00:22
2007-12-22 06:08
2008-12-21 12:04
2009-12-21 17:47
2010-12-21 23:38
2011-12-22 05:30
2012-12-21 11:12
2013-12-21 17:11
2014-12-21 23:03
2015-12-22 04:48
2016-12-21 10:44
2017-12-21 16:28
2018-12-21 22:23
2019-12-22 04:19
2020-12-21 10:02

နေနှစ် ပြင်ဆင်ရန်

ဒက္ခိဏယာဉ်စွန်းချိန် နေနှစ်ဆိုသည်မှာ ဒီဇင်ဘာယာဉ်စွန်းချိန် ပေါ် အခြေတည်ထားသည့် နေနှစ်ပင် ဖြစ်သည်။ သို့ဖြစ်၍ ကပ်လျက် ဒီဇင်ဘာယာဉ်စွန်းချိန် နှစ်ခုကြားရှိ အချိန်ကာလကို ညွှန်းသည်။

ဒက္ခိဏယာဉ်စွန်းချိန်အတိုင်းအတာသည် ဘီစီ ၆၀၀၀ နှင့် ၂၀၀၀ ကြားတွင် ၄၉ မိနစ် ၃၀ စက္ကန့်၌  ၃၆၅ ရက်နှင့် ၅ နာရီကြာ ပိုသောအားဖြင့် မိနစ် ၅၀ အထိ နှိုင်းရ တည်ငြိမ်နေခဲ့ပြီး ဖြစ်သည်။ ၂၀၀၀ ပြီးနောက် ၎င်းကာလသည် ပို၍ တိုတောင်းလာသည်။ သက္ကရာဇ် ၄၀၀၀ တွင် ပိုလျှံသော အချိန်မှာ ၄၈ မိနစ် ၅၂ စက္ကန့် ဖြစ်ပြီး၊ သက္ကရာဇ် ၁၀၀၀၀ တွင် ၄၆ မိနစ် ၄၅ စက္ကန့် ပိုလျှံလိမ့်မည် ဖြစ်သည်။ [၂]

ဒက္ခိဏယာဉ်စွန်းချိန် ရက်၌ ကြာသော အချိန်ကာလ ပြင်ဆင်ရန်

တမ်းပလိတ်:December solstice

လူတို့ ယဉ်ကျေးမှု ပြင်ဆင်ရန်

ပြက္ခဒိန်များ ပြင်ဆင်ရန်

ဇယားများရှိ ပုံပန်းကို ကြည့်လျှင် ဒက္ခိဏယာဉ်စွန်းချိန်၏ တနှစ်တာ အမှန်တကယ် ကြာချိန်ကို အကိုးအကားပြုရာတွင် ဂရီဂိုးရီးယန်းပြက္ခဒိန်နှင့် ပါရှန်း ဂျလားလိပြက္ခဒိန်တို့ကြား ကွဲလွဲမှုများ ရှိသည်ကို ပြသနေသည်။ အမှားအယွင်းကလေးသည် တနှစ်လျှင် လေးပုံတပုံ ရက်အချိန်ထက် မသိမသာ လျော့နည်းစွာ ရွေ့လျားနေသည် ဖြစ်ရာ ဂရီဂိုးရီးယန်းပြက္ခဒိန်က ၎င်းကို လေးနှစ်မြောက်တိုင်း ရက်ထပ်နှစ်အဖြစ်နှင့် ပြုပြင်ခဲ့ပြီး၊ ပြက္ခဒိန်၏ နှစ်တနှစ် ပျမ်းမျှ ကြာချိန်ကို ၃၆၅ ရက်နှင့် ၄၀၀ ပုံ ၉၇ ပုံ ဖြစ်နေစေရန် ဤသို့ ပြုပြင်မှုမျိုးကို နှစ်ပေါင်းလေးရာအတွင်း သုံးကြိမ် ချန်ရစ်ထားခဲ့သည်။ ထိုစဉ် ပါရှန်းပြက္ခဒိန်တွင် ရှစ်နှစ်မြောက် နှစ်ထပ်ရောက်တိုင်း (Every eighth leap-cycle) ငါးနှစ်တာနှင့် ညီမျှအောင် ပြုပြင်ခဲ့ပြီး၊ ပျမ်းမျှ ၃၆၅ ရက်နှင့် ၃၃ ပုံ ၈ ပုံသာ ကွာခြားအောင် ပြုသဖြင့်၊ နှစ်ပေါင်း ၁၃၂၀၀ ကြာတိုင်း ဂရီဂိုးရီးယန်းထက် တရက်သာ ပိုတိုတောင်းပေမည်။

ယာဉ်စွန်းချိန်၏ ရက်စွဲသည် အနောက်ကျဆုံး နေထွက်ချိန် ရက်စွဲနှင့် မတူသကဲ့သို့ပင် နှစ်မျိုးစလုံးသည် အစောဆုံး နေဝင်ချိန် ရက်စွဲနှင့်လည်း မတူပါချေ။ ကမ္ဘာသည် နေပတ်လမ်းတလျှောက် ရွေ့လျားနေသောကြောင့်၊ နေရက် (Solar day)တရက်စီအတွက် ကမ္ဘာသည် လည်ပတ်ခြင်း ပြည့်ဝသည်ထက် ပိုပတ်ရသည်။ ကမ္ဘာသည် ဘဲဥပုံ လှည့်ပတ်ခြင်း ဖြစ်သောကြောင့် ၎င်းပတ်လမ်းတလျှောက် သွားသောအရှိန်သည် ပြောင်းလဲသွားသည်။ အကျိုးဆက်အနေဖြင့်၊ နေရက်များသည် တနှစ်ပတ်လုံး တူညီသော အချိန် မရရှိတော့ချေ။ ပျမ်းမျှအချိန် (Mean time) ဆိုသည်မှာ ဥပမာ တူညီသော အချိန်ကာလ ၂၄ နာရီဟု သတ်မှတ်လိုက်ခြင်းဖြင့် ကျွန်ုပ်တို့ တွက်ချက်ရ လွယ်ကူအောင် ပြုလိုက်ခြင်း နည်းတမျိုး ဖြစ်သည်။ အဆုံးစွန် ပြင်ဆင်ခြင်း (အချိန်အီကွေးရှင်းကို ကြည့်) မှာ ပျမ်းမျှထက် ၁၅ မိနစ် အလျော့အတင်း ပေါင်းနှုတ်ခြင်း ဖြစ်သော်လည်း ယာဉ်စွန်းချိန်များ ကျရောက်ခါနီးတွင် ထိုတန်ဖိုးသည် လျင်မြန်စွာ ပြောင်းလဲလေ့ရှိသည်။ အကယ်၍သာ ပျမ်းမျှအချိန်၊ အနောက်ကျဆုံး နေထွက်ချိန်နှင့် အစောဆုံး နေဝင်ဆုံးတို့ထက် နေချိန် (Solar time)ကို အသုံးပြုသောကြောင့် မြောက်ကမ္ဘာခြမ်း၌ ဒက္ခိဏယာဉ်စွန်းချိန်တွင် အတိုဆုံး ရက် ဖြစ်သွားလျှင်၊ အစောဆုံး နေထွက်ချိန်၊ နောက်အကျဆုံး နေဝင်ချိန်နှင့် အရှည်ဆုံး ရက်သည် ဆန့်ကျင်ဘက်အနေဖြင့် တောင်ကမ္ဘာခြမ်းတွင် မှန်ကန်ပေလိမ့်မည်။

အထိမ်းအမှတ်နေ့များ ပြင်ဆင်ရန်

  • ကရင်နှစ်သစ်ကူးနေ့
  • ခရစ္စမတ်
  • ဆောင်းရာသီ မုန့်လုံးရေပေါ်ပွဲတော် (တရုတ်လို တုန်းကျိဟု ခေါ်၍ အဓိပ္ပာယ်မှာ ဆောင်းယာဉ်စွန်းချိန်ပွဲတော် ဖြစ်ပြီး တရုတ်ကိုရီးယားဂျပန်နှင့် ဗီယက်နမ်တွင် ဆင်နွဲကြသည်ကို တွေ့ရှိရသည်။ ၂၀၁၇ ခုနှစ်တွင် ဒီဇင်ဘာ ၂၂ ရက်၌ ကျရောက်ပြီး၊ ၂၀၁၆ တွင် ဒီဇင်ဘာ ၂၁ ၌ ကျရောက်ခဲ့ကာ ပျမ်းမျှ ကျရောက်နိုင်သည့် ကာလအပိုင်းအခြားမှာ ၂၁ မှ ၂၃ ရက်အတွင်း ဖြစ်သည်)

ဆက်စပ်သည့် ဝေါဟာရ ပြင်ဆင်ရန်

  • နေ့ညညီချိန် (equinox)
  • နွေဦးနေ့ညညီချိန် (March equinox)
  • ဆောင်းဦးနေ့ညညီချိန် (September equinox)
  • ယာဉ်စွန်းချိန် (Solstice)
  • နွေယာဉ်စွန်းချိန် (Summer solstice)
  • ဆောင်းယာဉ်စွန်းချိန် (Winter solstice)

ကိုးကား ပြင်ဆင်ရန်

  1. Earth's Seasons — Naval Oceanography Portal။ 22 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2017 တွင် ပြန်စစ်ပြီး။
  2. Bromberg, Irv။ Solar Year Length Variations on Earth။ University of Toronto, Canada။ 21 December 2012 တွင် ပြန်စစ်ပြီး။