ဒဏ္ဍပါဏိသိက္ခာပုဒ်
ဒဏ္ဍ, သတ္ထ, အာဝုဓပါဏိသိက္ခာဒ်များ (သုရုသုရုဝဂ်)
တုတ်, ဓါးစသော လက်နက်, လေး
ပြင်ဆင်ရန်၄-တောင်ရှိသော တုတ်ကိုသာ “ဒဏ္ဍ”ဟုခေါ်၏။ ဓါး, သန်လျက် စသော လက်နက်ကို “သတ္တ” ဟု ခေါ်၏။ လေးမြှားကို “အာဝုဓ”ဟု ခေါ်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ တုတ်စသည် ရှိသူတို့အား တရားဟောကြသောကြောင့် ရဟန်းတို့က ကဲ့ရဲ့ကြသဖြင့် “မဟောရ” ဟု တားမြစ်တော်မူပြီးလျှင် ဂိလာန ဖြစ်သူတို့အား မဟောကြသောအခါ လူတို့က ကဲ့ရဲ့ကြပြန်သောကြောင့်-[၁]
“န ဒဏ္ဍပါဏိဿ...၊
န သတ္ထပါဏိဿ...၊
န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
ပြင်ဆင်ရန်“ဂိလာန မဟုတ်ဘဲ လက်၌တုတ်(တောင်ဝှေး)ကိုင်ထားသူ, ဓါးစသော လက်နက်တစုံတရာ ကိုင်ထားသူ, လေးမြှားကိုင် ထားသူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ဂိလာန ဖြစ်နေလျှင်ကား ထိုပုဂ္ဂိုလ်များအား တရားဟောကောင်း၏။
သုရုသုရုဝဂ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။