ဒန့်တိုင် ဆရာတော် သည် သက္ကရာဇ် ၁၁၂၅ ခုနှစ် နန်းတက်သော ကုန်းဘောင်ဆင်ဖြူရှင်မင်း လက်ထက်တွင် ကျော် စောထင်ရှားသော ဆရာတော်ဖြစ်သည်။ ပင်တစ်လဲမြို့ စီရင်စု၊ လှည်းကူးမရွာ ဇာတိဖြစ်သည်။ ဘွဲ့တော်မှာ ဂုဏ လင်္ကာရ (ဂုဏရံသာလင်္ကာရ)ဖြစ်သည်။ မြင်းခြံခရိုင် သစိုး မလည်ရွာ ဂေါစရဂါမ်ရှိသော ဒန့်တိုင်၊ သစ်ညို ကျောင်းတို့၌ တစ်လှည့်စီ သီတင်းသုံးတော်မူသည်။ ပြုစုသောကျမ်းများမှာ၊ (၁) ခုဒ္ဒကပါဌ် ပါဠိတော် နိဿယ၊ (၂) ခုဒ္ဒကပါဌအဋ္ဌကထာနိဿယ၊ (၃) စတုဘာဏဝါရ ပါဠိတော် နိဿယ၊ (၄) စရိယာပိဋကတ် ပါဠိတော် နိဿယ၊ (၅) စရိယာပိဋကတ် အဋ္ဌကထာ နိဿယ၊ (၆) စန္ဓကုမာရဇာတ် အဋ္ဌကထာနိဿယ၊ (၇)တေမိယဇာတ် အဋ္ဌကထာ နိဿယ၊ (၈) နာရဒဇာတ် အဋ္ဌကထာနိဿယ၊ (၉) နေမိဘာတ် အဋ္ဌကထာ နိဿယ၊ (၁ဝ) ဘူရိဒတ်ဇာတ်အဋ္ဌကထာ နိဿယ၊ (၁၁) မဟာဇနက ဇာတ် အဋ္ဌကထာ နိဿယ၊ (၁၂) မဟောသဓဇာတ် အဋ္ဌကထာ နိဿယ၊ (၁၃) မိလိန္ဒပဥ|ာပါဠိတော် နိဿယ၊ (၁၄) မိလိန္ဒပဥ|ာ ဝတ္ထု၊ (၁၅) ဝိဓုရဇာတ် အဋ္ဌကထာ နိဿယ၊ (၁၆) ဝေဿန္တရာ ဇာတ် အဋ္ဌကထာ နိဿယ၊ (၁၇) သုဝဏ္ဏသာမဇာတ် အဋ္ဌ ကထာ နိဿယ၊ (၁၈) သုတ္တ နိပါတ်ပါဠိတော် နိဿယ၊ (၁၉) သုတ္တနိပါတ် အဋ္ဌကထာ နိဿယ တို့ဖြစ်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)