ဒဖိုကျောင်းတော် (စင်ချန်)

ဒဖိုကျောင်းတော် (တရုတ်: 大佛寺; ပင်ယင်: Dàfó Sì) သည် တရုတ်နိုင်ငံ၊ Zhejiang တွင် တည်ရှိသည့် ထင်ရှားသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်၏ သမိုင်းကြောင်းသည် နှစ်ပေါင်း ၁၆၀၀ ကျော်ပင် ရှိပြီ ဖြစ်သည်။ ကျောင်းတော်သည် စင်ချန်စီရင်စု၏ သင်္ကေတတစ်ခုလည်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ခရီးသည်ထောင်ပေါင်းမစွာကို စွဲဆောင်လျက်ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။

ဒေသတွင်းဖြစ်ရပ် ပြင်ဆင်ရန်

ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ဒေသခံများသည် ပုန်ကန်သူအနီရောင်တပ်သားများက ဖျက်ဆီးမည့်ရန်ကို ကာကွယ်နိုင်ရန် ဗုဒ္ဓရုပ်ပွားတော်ကြီးများကို Mao Zedong ၏ ရုပ်ပုံများဖြင့် ဖုံးအုပ်ခဲ့သည်။ ထိုပုန်ကန်သူများသည် "ရှေးဟောင်းယဉ်ကျေးမှုများအားလုံးကို ဖျက်ဆီးခြင်း" လမ်းညွှန်မှုကို စီရင်လုပ်ဆောင်ခဲ့ကြသည်။

ဗုဒ္ဓရုပ်ပွားတော်ကြီး ပြင်ဆင်ရန်

ကျောင်းတော်သည် အဆင့်ငါးဆင့်ရှိကာ ကောင်းကင်နတ်မင်းကြီးအခန်း၊ ဒဖို (ဗုဒ္ဓရုပ်ပွားတော်ကြီး) အခန်း၊ ကျမ်းဂန်စာပေအခန်းများ စသည်တို့ကဲ့သို့ အခန်းများစွာ ပါဝင်သည်။ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ၁၅ မီတာနီးပါး မြင့်၏၊ နှာခေါင်းတစ်ခုတည်းပင် ၁.၅ မီတာရှိကာ နားသည် အရွယ်အစားအားဖြင့် ၂.၇ မီတာ ရှိသည်။ ရုပ်ပွားတော်ကြီးကို အရှေ့ဂျင်မင်းဆက် Eastern Jin Dynasty(317-420) ကာလ လွန်ခဲ့သည့် နှစ် ၁၆၀၀ ဝန်းကျင်က ပြုလုပ်ခဲ့ကြသည်ဟု ယုံကြည်ရပြီး အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာသင်ကြားမှုများ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိသင်ကြားချိန် ဖြစ်သည်။[ကိုးကားချက်လိုသည်]

ကျောင်းတော်၏ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံ၏ ရှေးအကျဆုံးဂရော့တိုဂူ grotto တည်ရှိသည်။[၁] ထိုနေရာတွင် ဗုဒ္ဓရုပ်ပွားတော်များစွာ တွေ့ရှိခဲ့ရပြီး လျောင်းတော်မှုရုပ်ပွားတော်တစ်ဆူ၊ ရေတံခွန်တစ်ခုနှင့် ကျောက်ဖြစ်သွားသည့် သစ်သားတစ်ခုတို့ ပါဝင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Xinchang။ www.chinadiscover.net။ 30 March 2013 တွင် ပြန်စစ်ပြီး။