(၅)သုတ် ရှိပါသည်။

[၁] ဒါနပြုခြင်း (၈)မျိုးကို ဘုရားရှင်က ရဟန်းတော်များအား ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုသင့်သောပုဒ်တို့ကို ဖွင့်ဆိုပြီး စိတ္တာလင်္ကာရဒါန သာအမြင့်မြတ်ဆုံးဖြစ်ပုံ၊ “အဒန္တဒမနံ ဒါန” ဂါထာကို ပြဆိုထားပါသည်။

ဋီကာ၌လည်း အဋ္ဌကထာလာပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ စိတ္တာ လင်္ကာရဒါန မြင့်မြတ်ခြင်း အကြောင်းကို ဖွင့်ပြထားပါသည်။


[၂] ဒါနဝတ္ထု =ဒါနဖြစ်ခြင်း၏ အကြောင်းရှစ်မျိုးဟု ဟောတော်မူပါသည်။

အဋ္ဌကထာ၌ “အဒန္တဒမနံ ဒါနံ” ဂါထာလည်း ပါရှိပါသည်။


[၃] သဒ္ဓါ, ဟိရီ, ကုသလဒါန တရားသုံးပါးတို့သည် သူတော်ကောင်းတို့သို့ အစဉ်တစိုက်လိုက်ပါပုံ နတ်ပြည်၏လမ်းကြောင်းဖြစ်ပုံ နတ်ပြည်သို့ ရောက်နိုင်ပုံတို့ကို ဘုရားရှင်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[၄] ဒါနသံဝိဘာဂဝိပါကကို သိသောပုဂ္ဂိုလ်နှင့် မသိသောပုဂ္ဂိုလ်တို့၏ ခြားနား ချက်၊ အကျိုးများသော ဒါနသံဝိဘာဂပြုပုံနှင့် ဒါန၏အကျိုးခံစားရပုံကို ဘုရားရှင် ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီမဟေသီအမှူးပြုသော မိဖုရားတို့အား ဟောပြသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များပါရှိပါသည်။


[၅] -အာမိသ, ဓမ္မ ဟူသော ဒါန နှစ်မျိုးတို့တွင် ဓမ္မဒါနသာ အမြတ်ဆုံး၊

-အာမိသ, ဓမ္မ သံဝိဘာဂ နှစ်မျိုးတို့တွင် ဓမ္မသံဝိဘာဂသာ အမြတ်ဆုံး၊

-အာမိသ, ဓမ္မာနုဂ္ဂဟ နှစ်မျိုးတို့တွင် ဓမ္မာနုဂ္ဂဟသာ အမြတ်ဆုံး ဖြစ်ပုံနှင့်

-ပရမအနုတ္တရဒါန, သံဝိဘာဂကို ဘုရားရှင်များ ချီးမွမ်းတော်မူပုံ အဂ္ဂခေတ္တ၌ ပသန္နစိတ္တဖြင့် အခါအားလျော်စွာ ပူဇော်သင့်ပုံဟူသော အာမိသဒါန၊ အာမိသ သံဝိဘာဂ, အာမိသာနုဂ္ဂဟကို ဟောတော်မူပါသည်။

ဝိမုတ္တာယတနဟူသော ထိပ်ထက်၌တည်၍ ဟောပြောသော ဓမ္မဒေသက ပုဂ္ဂိုလ် နာယူသော ဓမ္မပဋိဂ္ဂါဟကပုဂ္ဂိုလ်တို့၏ ဓမ္မဒါန ဓမ္မသံဝိဘာဂ, ဓမ္မာနုဂ္ဂဟသည် ကိလေသာအညစ်အကြေး အားလုံးတို့မှ စင်ကြယ်သန့်ရှင်းနိုင်ပုံကို ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီမဟေသီ အမှူးပြုသော မိဖုရားတို့အား ဟောပြသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များပါရှိပါသည်။ [၆]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၆၈၊ အံ၊မြန်၊၃၊၇၀။ အံ၊ဋ္ဌ၊၃၊၂၂၈။ အံ၊ဋီ၊၃၊၂၃၆။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဒါနဝဂ္ဂ၊ ပဌမသုတ်။
  2. -ဒီ၊၃၊၂၁၄၊ ဒီ၊မြန်၊၃၊၂၃၇။ ဒီ၊ဋ္ဌ၊၃၊၂၂၇။ ဒီ၊ဋီ၊၃၊၂၆၂။
  3. -အံ၊၃၊၆၈။ အံ၊မြန်၊၃၊၇၀။ အံ၊ဋ္ဌ၊၃၊၂၂၉။ (အဘိ၊က၊၂၅၅။) -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဒါနဝဂ္ဂ၊ ဒုတိယသုတ်။
  4. -ဣတိဝုတ်၊၂၀၇-၈။ ဣတိဝုတ်၊မြန်၊၁၉၁။ ဣတိဝုတ်၊ဋ္ဌ၊၈၃-၅။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ဧကကနိပါတ၊ တတိယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  5. -ဣတိဝုတ်၊၂၆၀-၁။ ဣတိဝုတ်၊မြန်၊၂၄၆-၇။ ဣတိဝုတ်၊ဋ္ဌ၊၂၉၄-၆။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ ပဉ္စမဝဂ္ဂ၊ နဝမသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ