[၁] အလှူရှင်များ၏ မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး(၄)ပါး တမလွန် ဘဝ၌ခံစားရမည့် အကျိုး(၁)ပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌လည်း ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]


ဒါနာနိသံသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အလှူပေးခြင်း၏ အာနိသင်ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ဒါနာနိသံသသုတ် ပြင်ဆင်ရန်

ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
  • ငြိမ်သက်သော စိတ်နှလုံးရှိသည့် သူတော်ကောင်းတို့ ချဉ်းကပ်ကြ၏။
  • ကောင်းသော ကျော်စောသံသည် ပြန့်နှံ့၍ ထွက်၏။
  • လူတို့၏ အကျင့်တရား (ငါးပါးသီလ) မှ မလွတ်ကင်းနိုင်။
  • ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း ဟု(မိန့်တော်မူ၏)။[၃]

သူတော်ကောင်းတို့၏ တရားကို အစဉ်လိုက်၍ အလှူပေးသောသူကို ချစ်ခင်ကြ၏၊ ကိုယ်နှုတ်နှလုံးကိ စောင့်သုံးလျက် မြတ်သောအကျင့်ကို ကျင့်သုံးကြကုန်သော သူတော်ကောင်းတို့သည် ထိုသူ့ထံသို့ အခါခပ်သိမ်း ချဉ်းကပ်ကြကုန်၏။[၃]

ထိုသူတော်ကောင်းတို့သည် (ပေးလှူတတ်သော) ထိုသူအား ဆင်းရဲဒုက္ခအလုံးစုံကို ဖျက်ဆီးတတ်သော မြတ်သောတရားကို ဟောကြားကုန်၏၊ ထိုသူသည် ဤလောက၌ ယင်းတရားကိုသိ၍ အာသဝေါကင်းလျက် ပရိနိဗ္ဗာန်ပြုရလေသတည်း။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၃၄-၅။ အံ၊မြန်၊၂၊၄၄။ အံ၊ဋ္ဌ၊၃၊၂၀-၁။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄၊သုမနဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၄-သုမနဝဂ် ၅- ဒါနာနိသံသသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။