ဒါပါ ဟု အတိုကောက်ခေါ်သော ကာကွယ်ရေးအဆင့်မြင့်သုတေသနစီမံကိန်းများအေဂျင်စီ (အင်္ဂလိပ်: Defense Advanced Research Projects Agency (DARPA) ) သည် စစ်တပ်မှသုံးနိုင်သည့် ဖွံ့ဖြိုးစနည်းပညာတို့ကို ပိုမိုတိုးတက်လာစေရန် ထောက်ပံ့ကူညီသော အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်ဖွံ့ဖြိုးရေးအေဂျင်စီတခု ဖြစ်၏။

၁၉၅၇ ခုတွင် ရုရှားတို့ စပွန္နစ်-၁ ကို လွှင့်နိုင်သည်နောက် အမေရိကန်သမ္မတ အိုက်ဆင်ဟဝှါက အဆင့်မြင့်သုတေသနစီမံကိန်းများအေဂျင်စီ၊ အာပါ ဟူ၍ ၁၉၅၈ ခု၊ ဖေဖော်ဝါရီလ ၇ ရက်တွင် စတင်လည်ပတ်စေသည်။ နောက် ကာကွယ်ရေးအောက်ရောက်ကာ ဒါပါဟု ဖြစ်လာ၏။ သင်ကြားရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်နှင့် အစိုးရဝန်ထမ်းတို့ ပူးပေါင်းကာ ဒါပါသည် ထိပ်တန်းရောက် သိပ္ပံနှင့်နည်းပညာတို့ကို သုတေသနနှင့်ဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ဆောင်ရွက်စေသည်။ စစ်ဘက်သုံးအတွက် ရည်ရွယ်သည်ထက် ပို၍လွန်သော မျှော်မှန်းချက်ထားရှိကာ လုပ်ကိုင်လေ့ရှိသည်။