ဒါဗောင်းမြို့သည် ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒနောင်းကျွန်း၏ မြို့တော် ဖြစ်သည်။ လူဦးရေ စာရင်း အရ ဖိလစ်ပိုင်နိုင်ငံတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး မြို့ဖြစ်ပြီး မင်ဒနောင်းကျွန်းတွင် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအတွင် တတိယမြောက် လူဦးရေ အများဆုံး မြို့ကြီးဒေသ ဖြစ်သော မက်ထရိုဒါဗောင်း၏ ဗဟို ဖြစ်သည်။ လူဦးရေ စာရင်းအရ မက်ထရိုမနီလာတွင် ၁၁.၈၆သန်း၊ မက်ထရို စီဗူးတွင် ၂.၅၅ သန်းနှင့် မက်ထရို ဒါဗောင်းတွင် ၂.၂၆ သန်းမျှ ရှိသည်။ မြေဧရိယာပေါင်း ၂,၄၄၄ စတုရန်းကီလိုမီတာ ရှိပြီး ဖိလစ်ပိုင်ရှိ မြို့တော်များထဲတွင် မြေဧရိယာ အများဆုံးမြို့ ဖြစ်သည်။ ဒါဗောင်းမြို့သည် မင်ဒနောင်းကျွန်း၏ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် လုပ်ငန်းများ အတွက် အချက်အချာကျသော ဒေသတစ်ခုဖြစ်ပြီး ဒါဗောင်းဒေသ၏ ဒေသဆိုင်ရာ အချက်အချာ နေရာလည်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် အမြင့်ဆုံးတောင် ဖြစ်သော အာပိုတောင် တည်ရှိသည်။ ဖိလစ်ပိုင်၏ ဒူးရင်းသီးမြို့တော်ဟုလည်း လူသိများကြသည်။

ဒါဗောင်းမြို့
Dakbayan sa Dabaw
မြို့တော်
ထိပ်ဆုံးမှ, ဝဲမှယာ နှင့် အောက်။ တောင်ဘက်သို့ မျက်နှာမူထားသော ဒါဗောင်းမြို့မြင်ကွင်းကို တိမ်များဖုံးလွှမ်းနေသော အပေါ်ယာဘက်ခြမ်းရှိ အာပိုတောင်နှင့် အတူ မြင်ရပုံ၊ ဒါဗောင်းမြို့တော်ခန်းမ၊ ပြည်သူ့ဥယျာဉ်၊ ဒါဗောင်းရှိ မာကိုပိုလို ဟိုတယ်။ ဘိုနီဖာရှို အထိမ်းအမှတ် အဆောက်အဦး။ အနောက်ဘက် ဒါဗောင်းပင်လယ်ကွေ့ နှင့် ဆမယ်ကျွန်းဘက်သို့ မျက်နှာမူထားသော ဒါဗောင်းမြို့ မြင်ကွင်း ၏ မြင်ကွင်းပုံ
နိုင်ငံ ဖိလစ်ပိုင်

ကိုးကား ပြင်ဆင်ရန်