ဒါ ငါ့တစ်ယောက်တည်းရဲ့ကလေး

ဒါ ငါ့တစ်ယောက်တည်းရဲ့ကလေး (အင်္ဂလိပ်: Nobody's Baby But Mine) သည် ၁၉၉၇ ခုနှစ်တွင် ရေးသားသည့် ဆူဆန် အဲလိဇဘတ် ဖီးလစ်၏ အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ သားသမီးချစ်ကိုဖော်ပြသည့်ဝတ္ထုအဖြစ် ကဏ္ဍခွဲနိုင်ပြီး အေဗွန်စာအုပ်တိုက်မှ ဖြန့်ချိသည်။[၁]

Nobody's Baby But Mine
စာရေးသူဆူဆန် အဲလိဇဘတ် ဖီးလစ်
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားContemporary romance
ထုတ်ဝေသည့်ရက်
၁၉၉၇
မီဒီယာ အမျိုးအစားPrint (Paperback)
ယခင်စာအုပ်Kiss an Angel
နောက်ထွက်စာအုပ်Dream a Little Dream

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ရူပဗေဒပါမောက္ခ ဒေါက်တာ ဂျိန်း ဒါလင်တန်မှာ ၃၄ နှစ်မြောက် မွေးနေ့ကို မျက်ရည်များဖြင့် ကုန်ဆုံးလိုက်ရသည်။ ခေတ်ရှေ့ပြေးသော မိန်းမတစ်ယောက်ဖြစ်သည့်အားလျော်စွာ ကလေးလိုချင်သော်လည်း ယောက်ျားတော့ မလိုချင်ပေ။ သာမန်ယောက်ျားတစ်ယောက် သို့ မိန်းမ မလိုချင်သည့် ခပ်ပေါ့ပေါ့ယောက်ျားတစ်ယောက်သည်သာ အဆင်ပြေမည် ဖြစ်သည်။ ထို့ကြောင့် ချီကာဂိုစကား ဘောလုံးအသင်း၏ နောက်တန်းလူ ကယ်ဗင် ဘွန်နာကို ရွေးချယ်လိုက်သည်။ အစီအစဉ်ချပြီး ဖြစ်လာသည့်အမှားတချို့ကို ပြန်လည်ပြင်ဆင်ရင်း ရည်မှန်းချက်အောင်မြင်သွားသည်။ သူ့အကြံအစည်အတိုင်းဖြစ်လာသော်လည်း ကယ်ဗင် အနေဖြင့် သူ၏မရိုးသားမှုကို သိသွားတော့သည်။ မိသားစုဘဝကို မခံစားဖူးသော ဂျိန်းနှင့် မိသားစု၏ အပယ်ခံဘဝမှလာသည့် ကယ်ဗင်တို့မှာ ကလေးဆိုသည့် ဝေါဟာရနှင့်တွေ့သည့်အခါ စိတ်ထားများပြောင်းလဲကုန်သည်။

အဓိကဇာတ်ကောင်များ ပြင်ဆင်ရန်

  • ဂျိန်း ဒါလင်တန် (ယောက်ျားမလိုချင်ဘဲ ကလေးရချင်သူ)
  • ကယ်ဗင် ဘွန်နာ (ဂျိန်း၏ပစ်မှတ်အဖြစ် သတ်မှတ်ခံရသူ)

ဆု၊ တံဆိပ်များ ပြင်ဆင်ရန်

၁၉၉၈ တွင် အကောင်းဆုံးဝတ္ထုအဖြစ် ရီတာဆု ချီးမြှင့်ခံရသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Susan Elizabeth Phillips (1997) "Nobody's Baby But Mine", Avon Books
  2. http://www.rwanational.org/cs/contests_and_awards/rita_awards/past_winners