[၁] (သဿတ, ဥစ္ဆေဒ) ဒိဋ္ဌိနှစ်ပါးတို့ လွှမ်းမိုးထားအပ်သော အချို့သော နတ်, လူတို့သည် ဘဝချုပ်ငြိမ်းသည့် ဓမ္မကိုဟောတော်မူအပ်သည်ရှိသော် ဘဝ၌ မွေ့လျော်ပျော်ပိုက်နေသောပုဂ္ဂိုလ်တို့သည် စိတ်မဝင်စား, စိတ်မကြည်လင်, မသက်ဝင် နှလုံးမသွင်းကြပဲ သဿတအယူကို ယူကြသည်။ ဘဝကို စက်ဆုတ်ရွံမုန်းသော ပုဂ္ဂိုလ်တို့သည် သေလျှင်ပြတ်၏-ဟု ဥစ္ဆေဒအယူကို ယူကြသည်။

ဉာဏ်ပညာစက္ခုအမြင်ရှိသော နတ်လူတို့သည် မှန်ကန်သော ခန္ဓာငါးပါးကို ခန္ဓာငါးပါးဟု မှန်ကန်သည့်အတိုင်း သိမြင်ကြပြီး ခန္ဓာငါးပါး၌ ငြီးငွေ့ရန်၊ တပ်မက်မှု ကင်းရန်၊ ချုပ်ငြိမ်းရန် သမ္မာပဋိပတ်ကို ကျင့်သုံးကြသည်ဟု ဘုရားရှင်ထံတော်မှ နာယူခဲ့ရသောတရားကို ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာအား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -ဣတိဝုတ်၊၂၂၄-၅။ ဣတိဝုတ်၊မြန်၊၂၀၈။ ဣတိဝုတ်၊ဋ္ဌ၊၁၆၉-၁၇၁။ ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ဒုကနိပါတ၊ ဒုတိယဝဂ္ဂ၊ ဒွါဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ