ဒိန်ချဉ်
နို့ကို ဘက်တီးရီးယားဖြင့် အချဉ်ဖောက်ထားသော အစားအစာ
ဒိန်ချဉ် (အင်္ဂလိပ်: yogurt) ဆိုသည်မှာ နို့ကို ဘက်တီးရီးယား ပိုးမွှားကောင်လေးများဖြင့် အချဉ်ဖောက်ထားသော အရည် (သို့) စေးပြစ်တမျိုးဖြစ်သည်။
ပြုလုပ်ခြင်း
ပြင်ဆင်ရန်နွားနို့ကို အများဆုံးသုံးသော်လည်း အခြားတိရစ္ဆာန် ကျွဲ၊ ဆိတ်၊ သိုး၊ နွားနောက်စသည်တို့၏ နို့ကိုလည်း သုံး၍ ပြုလုပ်သည်။ သုံးသည့်နို့ပေါ်မူတည်၍ အရသာကွာသည်။ ကျွဲနို့ဖြင့်ပြုလုပ်ပါက ပို၍ခဲ လွယ်သည်။
နွားနို့ထဲသို့ ဘက်တီရီယားပိုးမွှားကောင်လေးများ (ဒိန်ချဉ် အနည်းငယ် )နှင့် သကြားကိုထည့်ကာ အချဉ်ဖောက်သည်။ အပူချိန် ၄၅°C ခန့်တွင် ၈ နာရီခန့် ထားရသည်။