(စို့လေးဆယ်) ဒိုင်းဝန် ပြင်ဆင်ရန်

ဒိုင်းဝန်ရာထူးကို စို့လေးဆယ်ဒိုင်းဝန်ဟူ၍လည်း ခေါ်ဆိုကြသည်။ ဒိုင်းတော်အမှုထမ်းအစု ၄၀ အား အုပ်ချုပ်ရသူဟု ဆိုနိုင်သည်။ မြန်မာမင်းများ လက်ထက်က ဒိုင်းဝန်ကွက်ကဲအုပ်ချုပ်ရာ ဒိုင်းတော်တန်းမှာ ရွှေနန်းတော်လက်ဝဲ ဘက် မာရဘင် တံခါးအထွက်၌ရှိသည်။ ဒိုင်းဝန် သို့မဟုတ် စို့လေးဆယ်ဒိုင်းဝန်သည် ဗြဲတိုက်မှ ဆင့်ခေါ်ရန်ရှိသူများကို သွားရောက်ခေါ်ယူပေးရပြီး အချုပ်အနှောင် ထားသင့်သူ ပေါ်ထွက်လာလျှင်လည်း ဒိုင်းတော်ဝန်၌ ပင်ချုပ်နှောင်ပေးရ၏။ ဒိုင်းဝန်၏ လက်အောက်တွင် ဒိုင်းခေါင်း၊ တန်းခေါင်း၊ တန်းထိမ်းစသည့် အမှုထမ်း များကိုထားရှိ၏။ ဒိုင်းအစုသားများကို ညောင်ရမ်းခေတ်ကာလက ဒိုင်းမှူးကအုပ်ချုပ်ပြီး ကုန်းဘောင်ခေတ်သို့ ရောက်သောအခါ ဒိုင်းဝန်ရာထူးခန့်အပ် အုပ်ချုပ်စေသည်။

ဒိုင်းဝန် ဦးရွှေအို ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦး ကာလတွင် ဒိုင်းဝန်အဖြစ် မနောဝေသူဘွဲ့ခံ ဦးရွှေအို အား ခန့်အပ်ခဲ့၏။ ဦးရွှေအိုသည် လွှတ်တော်စာရေးအဖြစ် အမှုထမ်းနေရာမှ ဒိုင်းဝန်ရာထူး တိုးမြှင့်ခန့်အပ်ခံရခြင်း ဖြစ်သည်။ နောက်ဝန်ကြီး ဖြစ်လာသောအခါ ဦးရွှေအိုကို ဒိုင်းဝန်ကြီးဟူ၍ ခေါ်ဆိုကြသည်။

ဆင်ဖြူရှင်လက်ထက် ပြင်ဆင်ရန်

ဆင်ဖြူရှင် (မြေဒူးမင်း) လက်ထက် ဒိုင်းဝန်အရာ ခန့်အပ်ခံခဲ့ရသူမှာ နေမျိုးဇေယျသီရိ နော်ရထာဖြစ်သည်။ ဒိုင်းဝန်နေမျိုး ဇေယျသီရိနော်ရထာသည် ၅ စက်တင်ဘာ ၁၇၆၉ တွင် ကျင်းပခဲ့သည့် စန္ဒပူရီ (လင်းဇင်း)မှ သမီးကညာ ဆက်သသည့် အခမ်းအနားကို တက်ရောက်ခဲ့သူ ဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက် ပြင်ဆင်ရန်

ဒိုင်းဝန်နေမျိုးဇေယျသီရိနော်ရထာသည် စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂) လက်ထက်တွင်လည်း ဒိုင်းဝန်ရာထူးဖြင့် ဆက်လက်အမှုထမ်းရွက်ခဲ့ရဟန် တူသည်။ သို့သော် ဘိုးတော်ဘုရား (ဗဒုံမင်း) နန်းတက်စ၌မူ ဒိုင်းဝန်အမည် ပြောင်းလဲနေပြီး ဖြစ်သည်။ ဗဒုံမင်းသည် ၁၂ ဇွန် ၁၇၈၄ တွင် ဒိုင်းဝန်အား နေမျိုးဇေယျသူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ မုဒ္ဓာဘိသိက် မဂင်လာ အခမ်းအနားအပြီး နောက်တစ်နေ့တွင် မင်းမှုထမ်းများအား ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ခဲ့ခြင်းဖြစ်၏။ ဒိုင်းဝန်ရာထူးကို ဒိုင်းစုဝန်ဟူ၍လည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဗဒုံမင်းလက်ထက် ၉ ဖေဖော်ဝါရီ ၁၇၉၅ တွင် မိတ္ထီလာ မင်းသမီးအား ကွမ်းခွံ့မဂင်လာ အခမ်းအနား ကျင်းပသောအခါ တက်ရောက်လာကြသူများ စာရင်းတွင် ဒိုင်းဝန်ကိုပင် တပ်ဒိုင်ဝန်ဟူ၍ ထူးခြားစွာ သုံးနှုန်းဖော်ပြထား၏။ မော်လမြိုင်မြို့ရှိ ဒိုင်းဝန်ကွင်းမှာ ဗဒုံမင်းလက်ထက် ယိုးဒယားသို့ စစ်ချီရာ၌ ဒိုင်းဝန်စခန်းချခဲ့ရာ ကွင်းကြီးဖြစ်သည်။

ဘကြီးတော်လက်ထက် ပြင်ဆင်ရန်

ဘကြီးတော် (စစ်ကိုင်းမင်း) နန်းတက်စ ၁၈၁၉ ခုနှစ် အစောပိုင်းကာလတွင် စို့လေးဆယ် ဒိုင်းဝန်အဖြစ် ရွှေတောင် သီဟသူကို ခန့်အပ်ခဲ့သည်။ သို့သော် လအနည်းငယ်အကြာ၌ပင် ဒိုင်းဝန်ရာထူးအပြောင်းအလဲဖြစ်ခဲ့သည်။ ရွှေတောင် သီဟသူကို ဆက်ခံခဲ့သည့် ဒိုင်းဝန်မှာ မဟာမင်းခေါင်ဖြစ်သည်။

စစ်မြပြေင်ရောက် စို့လေးဆယ်ဒိုင်းဝန် ပြင်ဆင်ရန်

စို့လေးဆယ် ဒိုင်းဝန်မဟာမင်းခေါင်၏ တပ်သည် ၂ ဒီဇင်ဘာ ၁၈၁၉ တွင် မဏိပူရသို့ စစ်ချီရာ၌ လိုက်ပါချီတက်ခဲ့ရသည်။ မြန်မာဘုရင်က နန်းတင်ထားသော မဏိပူရစော်ဘွား ဇူပရာဇာ (Marjit Sing) သည် စစ်ကိုင်းမင်းနန်းတက်စတွင် လက်ဆောင်ပဏ္ဏာဆက်သရာ ခံယူခြင်းမရှိ၍ ရမ္မာဝတီမင်းသား ဦးဆောင်သောတပ် ၁၅ တပ် ချီတက်တိုက်ခိုက် ကြရခြင်းဖြစ်သည်။ စစ်သူကြီးမဟာဗန္ဓုလ ကိုင်တိုင် စစ်ကဲအဖြစ်လိုက်ပါချီတက်ခဲ့သည့် ကက်စိန်တောင်တိုက်ပွဲမှာ ပြင်းထန်လှသည်။ ဤတိုက်ပွဲတွင် စို့လေးဆယ်ဒိုင်းဝန် မဟာမင်းခေါင် ရွပ်ရွပ်ချွံချွံပါဝင် တိုက်ခိုက်ခဲ့သည်။ မဟာမင်းခေါင်အား ဆက်ခံသူ သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက် စို့လေးဆယ်ဒိုင်းဝန်များ အမည်ကို မသိရသေးပေ။

ဒိုင်းဝန် ဦးရွှေမောင် ပြင်ဆင်ရန်

မင်းတုန်းမင်း နန်းတက်စတွင် ဦးရွှေမောင်အား စို့လေးဆယ်ဒိုင်းဝန်အရာ ခန့်အပ်ခဲ့သည်။ ၂၀ နိုဝင်ဘာ ၁၈၅၃ တွင် ဦးရွှေမောင်နှင့် အသုံးစာရေးတို့ကို နန်းတော်၊ အိမ်တော်နှင့် နန်းကျဘုရင် ပုဂံမင်းအိမ်တော်များအား ပြုပြင်ရန် တာဝန် ပေးအပ်ခဲ့သည်။ ၁၆ ဇွန် ၁၈၅၄ တွင် ဒိုင်းဝန်ထောက် ဦးရွှေမောင်အား မဟာမင်းလှသီဟသူဘွဲ့ ပေးအပ်လိုက်ပါသည်။ ၁၈၅၅ ခုနှစ်တွင် အာသာဖယ်ရာ၏ သံအဖွဲ့လာရောက်စဉ်က စို့လေးဆယ်ဒိုင်းဝန် မဟာမင်းလှ သီဟသူဘွဲ့ခံ ဦးရွှေမောင် ကြိုဆိုရေးတာဝန်ယူခဲ့ရသည်။ ရတနာပုံ နေပြည်တော်ကြီး တည်ဆောက်ရန် ၃၀ အောက်တိုဘာ ၁၈၅၆ တွင် သွားရောက်ကွင်းဆင်း ကြည့်ရှုကြသူများထဲ၌ စို့လေးဆယ်ဒိုင်းဝန်၊ ဝန်ထောက် ဦးရွှေမောင် လိုက်ပါခဲ့သည်။ ထို့ပြင် ၁ ဇန်နဝါရီ ၁၈၅၇ တွင် ဆည်တော် ပြုပြင်တည်ဆောက်ရာ၌လည်း ဒိုင်းဝန် ဦးရွှေမောင် ပါဝင်လုပ်ဆောင်ပေးခဲ့ရသည်။ ဦးရွှေမောင်သည် မကြာမီ ခန်းပတ်မြို့စား ဝန်ကြီးအဖြစ် ခန့်အပ်ခံရ၏။

မဟာမင်းလှသင်္ခယျာ ပြင်ဆင်ရန်

ဦးရွှေမောင်၏ ဒိုင်းဝန်ရာထူးကို မဟာမင်းလှသင်္ခယျာက ဆက်ခံပါသည်။ မဟာမင်းလှ သခင်ျာသည် ၁၈၆၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မြင်ကွန်းအရေးတော်ပုံ နောက်ဆက်တွဲဖြစ်သော ပတိမ်မင်းသားအရေးတွင် ဒိုင်းအမှုထမ်း ၂၀၀ နှင့် အတူ သွားရောက်နှိမ်နင်းခဲ့၏။ ၁၈၇၀ ပြည့်နှစ် ဇွန်လတွင်လည်း ရွှေတစ်ချောင်းမြောင်း တူးဖော်ရေးကို လုပ်ဆောင်ခဲ့ရ၏။ ၁၈၇၃ ခုနှစ်တွင် သရက်အရေးပိုင်ဘရောင်း မန္တလေးသို့ လာရောက်စဉ် စို့လေးဆယ်ဒိုင်းဝန် မဟာမင်းလှသင်္ခယျာကကြိုဆိုခဲ့ရသည်။ ထိုစဉ်က စို့လေးဆယ်ဒိုင်းဝန်အဖြစ်မှ ဝန်ကြီးရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရသူ ခန့်ပတ်မင်းကြီး ဦးရွှေမောင်နှင့် အရေးပိုင်ဘရောင်းတို့ စကားလက်ဆုံကျခဲ့ကြပေ၏။ သရက်အရေးပိုင်ဘရောင်းက 'ဒိုင်းဝန်အရာသည် အရာကြီးဖြစ်ပေသည်။ ဘိုးတော်ဘုရားလက်ထက်တော်က မော်လမြိုင်မြို့တွင် ဒိုင်းဝန်ကွင်းဟု ထင်ရှားရှိသည်' စသည်ဖြင့် ပြောကြားခဲ့သေးသည်။

သီပေါမင်းနန်းတက်စ ပြင်ဆင်ရန်

၁၈၇၈ ခုနှစ် အောက်တိုဘာလကုန်တွင် သီပေါမင်းနန်းတက်လာပြီးနောက် စို့လေးဆယ်ဒိုင်းဝန်အဖြစ် မဟာမင်းထင်သင်္ခယျာအားခန့်အပ်ခဲ့သည်။ သို့သော် မဟာမင်းထင် သင်္ခယျာမှာ ၂၂ ဇန်နဝါရီ ၁၈၇၉ တွင် စို့လေးဆယ်ဒိုင်းဝန်ရာထူးမှ ဝန်ထောက်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ ဒိုင်းဝန်သည် မင်းတုန်းမင်းလက်ထက် နှောင်းပိုင်းကာလပင် ဒိုင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ ရပြီးဖြစ်၏။ ၁၂ ဖေဖော်ဝါရီ ၁၈၇၆ တွင် ကင်းဝန်မင်းကြီး နိုင်ငံရပ်ခြားမှ ပြန်လာစဉ် ပုဂံမြို့ဝန်အဖြစ် ဒိုင်းဝန်မကြာမီ ရောက်လာတော့မည်ဖြစ်ကြောင်း ကင်းဝန်မင်းကြီး ဒိုင်ယာရီ၌ ရေးမှတ်ထားသည်။ သီပေါမင်း နန်းတက်စတွင် ပုဂံမြို့ဝန်လည်းဖြစ်သူ စို့လေးဆယ်ဒိုင်းဝန် မဟာမင်းထင်သင်္ခယျာအား ဆက်လက်ခန့်အပ်ခဲ့ခြင်းဖြစ်၏။ သူ့အား ဆက်ခံသူမှာ မဟာမင်းလှ မင်းထင်ကျော် ဖြစ်သည်။ စို့လေးဆယ်ဒိုင်းဝန် မဟာမင်းလှမင်းထင်ကျော်သည် ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှ ကိုယ်စားလှယ် မန္တလေးသို့ လာရောက်စဉ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ရသူဖြစ်သည်။ စို့လေးဆယ်ဒိုင်းဝန် မဟာမင်းလှမင်းထင်ကျော်၏ အမည်ရင်းမှာ ဦးဘိုးဦးဖြစ်ပြီး မြို့တော်ဝန် ဦးပေစေ့၏ သားဖြစ်သည်။

ဒိုင်းအတွင်းဝန် ဦးဘိုကြီး ပြင်ဆင်ရန်

ဒိုင်းအတွင်းဝန် ဦးဘိုကြီးသည် ဝန်ထောက် စို့လေးဆယ်ဒိုင်းဝန်မှ အတွင်းဝန်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ပုဂံမြို့ကို မြို့စားအရာရရှိခဲ့သဖြင့် ပုဂံအတွင်းဝန်ဟူ၍ ထင်ရှားခဲ့သည်။ ပုဂံအတွင်းဝန်ရာထူးဖြင့် အမှုထမ်းစဉ်က မင်းကြီးမင်းခေါင် နန္ဒကျော်ထင်ဘွဲ့ဖြင့် ဖြစ်သည်။ ဝန်ထောက်စို့လေးဆယ် ဒိုင်းဝန်အဖြစ် အမှုထမ်းခဲ့စဉ်ကာလကမူ မဟာမင်းထင်သင်္ခယျာဘွဲ့ကို ရရှိခဲ့ဟန် တူသည်။ ဒိုင်းအတွင်းဝန် ဦးဘိုးကြီးသည် ၁၈၈၂ ခုနှစ် မတ်လတွင် သမီးဖြစ်သူ ဒိုင်းခင်ခင်ကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရရာ သူ၏ နေရာတွင် ဦးရွှေအိုးအား ဒိုင်းဝန်အဖြစ် ခန့်အပ်ခဲ့ဟန်တူသည်။

နောက်ဆုံးဒိုင်းဝန် ပြင်ဆင်ရန်

သီပေါမင်းလက်ထက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် စို့လေးဆယ်ဒိုင်းဝန်မှာ နေမျိုးသီရိစည်သူကျော်ဖြစ်သည်။ စို့လေးဆယ်ဒိုင်းဝန် နေမျိုးသီရိစည်သူကျော်သည် အဂင်လိပ် မြန်မာ တတိယစစ်ပွဲ ဖြစ်လုနီးအချိန်တွင် စို့လေးဆယ်ဒိုင်းအမှုထမ်း ၄၀၀ နှင့် စစ်မြပြေင်သို့ ချီတက်ထွက်ခွာခဲ့ရသည်။