ဒိုရှိရှတက္ကသိုလ် 同志社大学, Dōshisha daigaku) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံးသောအဆင့်မြင့်ပညာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ကျောင်းဝင်း (၄) ခုတွင် ကျောင်းသားစုစုပေါင်း ၃၀,၀၀၀ ခန့်သည် ပညာသင်ကြားလျက်ရှိသည်။ ဤတက္ကသိုလ်သည် ဂျပန်နိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ် (၃၀) ခုတွင် ပါဝင်သည်။ ထို့အပြင် ဂျပန်နိုင်ငံအနောက်ပိုင်း ခန်ဆိုင်းဒေသ၏ ထိပ်သီးပုဂ္ဂလိကတက္ကသိုလ်လေးခုအုပ်စုဖြစ်သည့် ခန်-ခန်-ဒိုး-ရိဆွတ် (関関同立) ၏ အဖွဲ့ဝင်တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ ခန်-ခန်-ဒိုး-ရိဆွတ် တွင် ခန်ဆိုင်းတက္ကသိုလ်၊ ခန်ဆဲဂခုအင်းတက္ကသိုလ်နှင့် ရိဆွတ်မဲအိခန်တက္ကသိုလ်များလည်း ပါဝင်ကြသည်။

ဒိုရှိရှတက္ကသိုလ်
Doshisha University
同志社大学
ဖိုင်:Doshisha University seal.svg
MapMap around Imadegawa
ဆောင်ပုဒ်လက်တင်: Veritas liberabit vos
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
"Truth shall make you free"
အမျိုးအစားPrivate
တည်ထောင်Founded 1875, chartered 1920
ပံ့ပိုးမှု€1 billion (JP¥169.6 billion)
ဥက္ကဋ္ဌMatsuoka Takashi
ဒုဥက္ကဋ္ဌNobuhiro Tabata, Yasuhiro Kuroki, Tsutao Katayama, Takashi Nishimura
ဆရာဦးရေ
2,357 (800 full-time, 1557 part-time)
ဘွဲ့ကြိုဦးရေ27,024
ဘွဲ့လွန်ဦးရေ2,298
တည်နေရာKyoto, Kyoto Prefecture, Japan
35°01′47″N 135°45′39″E / 35.029737°N 135.760725°E / 35.029737; 135.760725ကိုဩဒိနိတ်: 35°01′47″N 135°45′39″E / 35.029737°N 135.760725°E / 35.029737; 135.760725
ပရဝုဏ်Urban/suburban, ၅၃၀ ဧက (၂၁၀ ha)
အထိမ်းအမှတ် အရောင်   White & purple
အားကစားအသင်း အမည်ပြောင်Dodai (同大 Dōdai?)
လာဘ်ကောင်Astro Boy (unofficial and historical)
ဝဘ်ဆိုဒ်https://www.doshisha.ac.jp/en/index.html doshisha.ac.jp/, https://www.doshisha.ac.jp/en/index.html

သမိုင်းကြောင်း

ပြင်ဆင်ရန်
 
Joseph Hardy Neesima

ဒိုရှိရှတက္ကသိုလ်ကို ၁၈၇၅ ခုနှစ်တွင် ပရိုတက်စတင့်ခရစ်ယာန်ဘာသာ၏ ပညာရေးနည်းပြဖြစ်သူ နီးဂျိမဂျော (新島 襄, ဂျိုးဆက်ဟာဒီနီးစီးမ Joseph Hardy Neesima ဟုလည်း သိကြ) က ဒိုရှိရှအင်္ဂလိပ်ကျောင်းအဖြစ် တည်ထောင်ခဲ့သည်။ ခရစ်ယာန်ပညာရေးကို ဂျပန်နိုင်ငံတွင် တိုးမြှင့်ရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ငယ်ရွယ်သည့် နီးဂျိမသည် ဂျပန်နိုင်ငံသားများအပေါ် ပြင်ပထွက်ခွာသွားလာရန် ကန့်သတ်ထားသည့် အတားအဆီးများကို ကျော်ဖြတ်ကာ အမေရိကန်နိုင်ငံသို့ ၁၈၆၄ ခုနှစ်တွင် ပညာတော်သင် သွားခဲ့သည်။ သူသည် ဖီးလစ်အကယ်ဒမီ (Phillips Academy) နှင့် အမ်ဟတ်ကောလိပ် (Amherst College) တွင် ပညာသင်ကြားခဲ့ပြီး ၁၈၇၄ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ပြန်လာခဲ့သည်။ ပြန်လာခဲ့ပြီး နောက်တစ်နှစ်တွင် နီးဂျိမသည် ဒိုရှိရှကျောင်းကို တည်ထောင်ခဲ့သည်။ ၁၈၇၅ ခုနှစ်မှ ၁၈၉၀ ခုနှစ်အထိ နီးဂျိမသည် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဤတက္ကသိုလ်၏ အစောပိုင်းကာလများတွင် သင်ကြားရေးဆရာနှင့် စာရေးဆရာ ယာမာမိုတိုခခုမ Yamamoto Kakuma (1890–1892), ဆဲတိုဆိုင်းဘရ Seito Saibara (1899–1902), ခန်းခိချိခတအိုခ Kenkichi Kataoka (1902–1904)[]၊ ခိုတရိုရှိမိုမုရ Kotaro Shimomura (1904–1907). တိုခိအိုယောခိုအိ (Tokio Yokoi) , တဆုခဟရဒ (Tasuku Harada) နှင့် အဲဘိနဒန်းဂျော ( Ebina Danjo) တို့သည် ကျောင်းအုပ်များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းဝင်းများ

ပြင်ဆင်ရန်

ဒိုရှိရှတက္ကသိုလ်သည် ကျိုတိုမြို့လယ်ရှိ အိမဒဲဂဝနှင့် ကျိတိုမြို့တောင်ဘက်ပိုင်းရှိ ခယောတနဘဲတို့တွင် အဓိကကျောင်ဝင်းနှစ်ခု တည်ရှိသည်။ အိမဒဲဂဝသည် ကျောင်း၏ ပင်မကျောင်းဝင်းဖြစ်သည်။ အိမဒဲဂဝကျောင်းဝင်းသည် ကျိုတိုဘုရင့်နန်းတော်ကို အပေါ်မှစီး၍ ကြည့်ရှုနိုင်သည့် ရှောခိုခုဂျိ၏ ကပ်လျက်တွင် တည်ရှိသည်။ အိမဒဲဂဝတွင် တည်ရှိသည့် ကျောင်းဆောင်ငါးခုသည် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုအရအရေးပါသည့်အရာများအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။ ၎င်းအဆောက်အဦများတွင် ဒိုရှိရှပုံနှိပ်တိုက်နှင့် အမှတ်တရအဆောက်အဦတို့ ပါဝင်သည်။ ဤကျောင်းဝင်းတွင် အဓိကအားဖြင့် စာပေအနုပညာဘာသာရပ်၊ စီးပွားရေး၊ ဘာသာရေးဆိုင်ရာဘာသာရပ်များနှင့် ဥပဒေဘာသာရပ် စသည်တို့ကို အဓိကထား၍ သင်ကြားပေးသည်။ ကျောင်းသားများ ပညာသင်ကြားနိုင်သည့် နေရာအကျယ်အဝန်းသည် ၄၀,၀၀၀ စတုရန်းမီတာရှိသည်။

ခယောတနဘဲကျောင်းဝင်းကို ၁၉၈၆ ခုနှစ်တွင် ခယောတနဘဲမြို့တွင် ဆန်ဆိုင်းသိပ္ပံမြို့တော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖွင့်လှစ်ခဲ့သည်။ အကျယ်အဝန်း ၁၉၅ ဧက (၀.၇၉ စတုရန်းကီလိုမီတာ) ရှိပြီး အဓိကအားဖြင့် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်များကို အဓိကသင်ကြားသည်။ ၂၀၁၂ ခုနှစ်တွင် ကျောင်းဝင်းအသစ်ဖြစ်သည့် ခရဆုမကျောင်းဝင်းကို တည်ထောင်ခဲ့ပြီး ၎င်းကျောင်းဝင်းသည် အိမဒဲဂဝကျောင်းဝင်းမှ ခန့်မှန်းခြေ ၃၀၀ မီတာအကွာတွင် တည်ရှိသည်။ ခရဆုမကျောင်းဝင်းတွင် နိုင်ငံတကာပညာရေးအင်စတီကျု၊ နိုင်ငံတကာလေ့လာရေးကျောင်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်းလေ့လာမှုစသည့်ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။

သင်ကြားပို့ချမှုများ

ပြင်ဆင်ရန်

ဒိုရှိရှတက္ကသိုလ်သည် ဘာသာရေးဆိုင်ရာလေ့လာမှု၊ စာပေ၊ စိတ်ပညာ၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံတကာလေ့လာရေး၊ ဥပဒေ၊ စီးပွားရေး၊ စည်းမျဉ်းနှင့် ထိမ်းသိမ်းမှု၊ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်သိပ္ပံ၊ သိပ္ပံနှင့် အင်ဂျင်နီယာပညာ၊ ဘဝနှင့် ဆေးသိပ္ပံ၊ ကျန်းမာရေးနှင့် အားကစားသိပ္ပံ၊ လူမှုရေးဘာသာရပ်များ စသည်တို့ကို ပို့ချသင်ကြားပေးလျက်ရှိသည်။

အိမဒဲဂဝနှင့် ခယောတနဘဲကျောင်းဝင်းများရှိ စာကြည့်တိုက်များတွင် စာအုပ်ရေပေါင်း ၂.၅ သန်းကျော် ရှိသည်။

မဟာဌာနများ

ပြင်ဆင်ရန်

၂၀၁၃ ခုနှစ်အချက်အလက်များအရ ဒိုရှိရှတက္ကသိုလ်တွင် အချိန်ပြည့်ဝန်းထမ်း ၇၇၇ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၁၄၁၁ ဦး ကျိုတိုမြို့ရှိ ကျောင်းဝင်းများတွင် တာဝန်ထမ်းဆောင်နေကြသည်။[]

ကျောင်းသားဘဝ

ပြင်ဆင်ရန်

အဖွဲ့အစည်းများ

ပြင်ဆင်ရန်

ပွဲတော်များ

ပြင်ဆင်ရန်

ကျောင်းသားဟောင်းများ

ပြင်ဆင်ရန်

ရုပ်ပုံများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်
  1. The Missionary Herald, volume 100, January 1904 (1904)။ 24 July 2022 တွင် ပြန်စစ်ပြီး။
  2. Archived copy။ 2011-05-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-07-21 တွင် ပြန်စစ်ပြီး။