ဒီပင်္ကရ ရံသိဇောတိ

ထိုင်းနိုင်ငံ၏ မင်းသား

ဒီပင်္ကရ ရံသိဇောတိ(ထိုင်း: ทีปังกรรัศมีโชติ; ပါဠိ: Dīpaṅkara Raṁsijoti; သင်္သကရိုက်: Dīpaṅkara Raśmijoti; မြန်မာ: ဒီပင်္ကရ ရံသိဇောတိ)သည် ထိုင်းနိုင်ငံမှ နန်း​မွေနန်းလျာမင်းသားတစ်ပါးဖြစ်သည်။ ဘုရင်ဝဇိရာလင်္ကရဏ၏ ငါး​ယောက်​မြောက်သား၊ ခုနစ်​ယောက်​မြောက်နှင့် အငယ်ဆုံးက​လေးဖြစ်သည်။ မယ်​တော်မှာ ဘုရင်၏ တတိယ​မြောက်လက်ထပ်ခဲ့​သောမိဖုရား ဆရီရမ်ဆမီ ဆုဝဒီဖြစ်သည်။

ဒီပင်္ကရ ရံသိဇောတိ
Dipangkorn Rasmijoti
ထိုင်းနိုင်ငံမင်းသား
မွေးဖွား (2005-04-29) ၂၉ ဧပြီ၊ ၂၀၀၅ (အသက် ၁၉)
သီရိရတ်ချ်​ဆေးရုံ၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
စံအိမ်မဟီ​ဒေါ (ချက္ကရီမင်းဆက်)
ခမည်းတော်ဝဇိရာလင်္ကရဏ (ရာမ၁၀)
မယ်တော်ဆရီရမ်ဆမီ ဆုဝဒီ
ကိုးကွယ်မှု​ထေရဝါဒ ဗုဒ္ဓဘာသာ
လက်မှတ်

ဘဝအစနှင့် ပညာ​ရေး

ပြင်ဆင်ရန်

မင်းသားကို ၂၀၀၅ခုနှစ် ဧပြီလ၂၉ရက်​နေ့က ဘန်​ကောက်မြို့ရှိ သီရိရတ်ချ်​ဆေးရုံတွင် ဖွားမြင်ခဲ့သည်။၂၀၀၅ခုနှစ် ဇွန်လ၁၅ရက်​​နေ့တွင် ဘိုး​တော် ဘူမိဗလအတုလျတေဇက မင်းသားဘွဲ့ ​ပေးသနားခဲ့သည်။ []

 
မင်းသား၏ ​တော်ဝင်ပန်းစာလုံး
 
မင်းသား၏ ​တော်ဝင်အလံ

နိုင်ငံခြားရှိ ဘာ​ဗေးရီးယန်းနိုင်ငံတကာ​ကျောင်းတွင် ပညာမသင်မီသူ၏ပညာ​ရေးကို ချသရာလဒါ​ကျောင်းတွင် စတင်ခဲ့သည်။ []

နန်း​မွေနန်းလျာအဆင့်

ပြင်ဆင်ရန်

သူသည် ခမည်းတော် ဝဇိရာလင်္ကရဏ ကိုဆက်ခံမည့် တစ်ဦးတည်း​သောသူဖြစ်သည်။ သို့​သော် ၂၀၁၄ဒီဇင်ဘာလတွင် ဝဇိရာလင်္ကရဏနှင့် ဆရီရမ်ဆမီ ဆုဝဒီတို့ ကွာရှင်းခဲ့၍ သူ၏ နန်း​မွေနန်းလျာမှာ သိပ်မ​သေချာ​ပေ။၁၉၂၄ ဆက်ခံခြင်းဥပ​ဒေအရ အကြီးမှစ၍ နန်း​မွေနန်းလျာဆက်ခံရမည်ဖြစ်​သော်လည်း ဝဇိရာလင်္ကရဏသည် သူ၏ဒုတိယ​မြောက်အိမ်​ထောင်နှင့် ၁၉၉၆ခုနှစ်တွင် ကွာရှင်းကာ သား​လေး​ယောက်ကိုပါ စွန့်လွှတ်ခဲ့သည်။[]

​ဆွေစဉ်မျိုးဆက်

ပြင်ဆင်ရန်
  1. မော်ကွန်းတင်ပြီးမိတ္တူ။ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  3. "What's behind the downfall of Thailand's Princess Srirasmi?"၊ 1 December 2014။