ဒိရေရောက်သစ်တော် ခေါ် ဒီရေတောသည် လမုတောများ အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (wetland) များကို ခေါ်ဆိုသည်။[၁][၂] လမုပင်များသည် အေးခဲသော ရာသီဥတုကို ခံနိုင်ရည်မရှိသောကြောင့် အပူပိုင်းဒေသနှင့် သမပိုင်းဇုန်များတွင်သာ ရှင်သန်နိုင်ကြသည်။ လမုပင် မျိုးစိတ် ၈၀ ခန့်ရှိပြီး ယင်းအပင်များအားလုံးသည် အောက်ဆီဂျင်နည်းပါးသော မြေဆီလွှာတွင် ပေါက်ရောက်နိုင်ကြသည်။ ယင်းမြေဆီလွှာများသည် ရေစီး မပြင်းသောနေရာတွင် တည်ရှိပြီး အနည်များကို စုမိစေသည်။[၃]

လှိုင်းများကြားရှိ လမုတော

ဒီရေတောအများစုကို ယင်း၏ ထူထပ်သောအမြစ်များဖြင့် သတိပြုမိနိုင်သည်။ ယင်းအမြစ်များသည် နိစ္စဒူဝ ဒီရေအတက်အကျကို ကိုင်တွယ်ပေးနိုင်သည်။ အမြစ်များသည် ဒီရေအတက်အကျတွင် အနည်များ မျောပါမသွားအောင် ကာကွယ်ပေးသည်။ ဒီရေတောများသည် ကမ်းရိုးတမ်းဒေသတွင် ဒီရေလှိုင်းများ၊ ပြင်းထန်သော ရေ စီးကြောင်းများနှင့် မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော မြေတိုက်စားမှု အန္တရာယ်မှ ကာကွယ်ပေးသည်။ ဒီရေတောများ၏ ယင်းအမြစ်စနစ်သည် ငါးများနှင့် အခြားသတ္တဝါများ၏ နားခိုရာအဖြစ်လည်း စွမ်းဆောင်ပေးသည်။[၃]

ဒီရေတောများသည် ကုန်းမြေ၊ သမုဒ္ဒရာနှင့် လေထုကြားတွင် တည်ရှိပြီး ယင်းစနစ်၏ စွမ်းအင်စီးဆင်းမှုတွင် အရေးပါသည်။ ရေလွှမ်းမိုးမှု ကာကွယ်ရေး၊ အာဟာရနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေး၊ စိုက်ပျိုးရေးတို့အတွက် ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းများအတွက် ဒီရေတောများကို သုတေသန ပြုလုပ်ကြသည်။[၄] ယင်းအပြင် ဒီရေတောများသည် ရာသီဥတု ပြောင်းလဲမှုကို နှေးကွေးစေသော ကာဗွန် သိုလှောင်မှု၏ ခရာကျသော စနစ်တခုလည်း ဖြစ်သည်။[၅][၆]

ကိုးကား ပြင်ဆင်ရန်

  1. "Nutrient limitation status in a subtropical mangrove ecosystem revealed by analysis of enzymatic stoichiometry and microbial abundance for sediment carbon cycling" (2018). International Biodeterioration & Biodegradation 128: 3–10. doi:10.1016/j.ibiod.2016.04.023. 
  2. "A cross-system analysis of sedimentary organic carbon in the mangrove ecosystems of Xuan Thuy National Park, Vietnam" (2012). Journal of Sea Research 67 (1): 69–76. doi:10.1016/j.seares.2011.10.006. Bibcode2012JSR....67...69T. 
  3. ၃.၀ ၃.၁ What is a mangrove forest? National Ocean Service, NOAA. Updated: 25 March 2021. Retrieved: 4 October 2021.   ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  4. De Groot၊ Rudolf S. (1992)။ Functions of Nature: Evaluation of Nature in Environmental Planning, Management and Decision MakingISBN 9789001355944
  5. "Indonesia's blue carbon: A globally significant and vulnerable sink for seagrass and mangrove carbon" (2016). Wetlands Ecology and Management 24: 3–13. doi:10.1007/s11273-015-9446-y. 
  6. "High-throughput amplicon sequencing reveals the spatiotemporal effects, abiotic and biotic shaping factors for the microbial communities in tropical mangrove sediments in Sanya, China" (2020). doi:10.21203/rs.3.rs-34433/v1.    Material was copied from this source, which is available under a Creative Commons Attribution 4.0 International License.