မောင်ဒီ ပြင်ဆင်ရန်

အဖ ဦးမြသီ၊ အမိ ဒေါ်အုန်းပြိုင် တို့က ၁၉၄၁ ခုနှစ်၊ ဩဂုတ်လ ရ ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ သရက်တောရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မျိုးညွန့် ဖြစ်သည်။

ပထမ ကံကူလက်လှည့် ဆရာမှာ မြစ်ခြေမြို့၊ မဇဂ္ဂိမရာမကျောင်း ဆရာတော် ဦးဉာဏ ဖြစ်သည်။

၁၉၅၉ ခုနှစ်တွင် မန္တလေးမြို့၊ ဗဟိုရ်စည် သတင်းစာကြီး၏ ပင်တိုင် ကာတွန်းဆရာ အဖြစ် စတင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့၍ သတ္တိစာစောင်နှင့် စုံထောက် မဂ္ဂဇင်းတို့မှ စတင်၍ မဂ္ဂဇင်း ပန်းချီများကို မျိုးညွန့် အမည်နှင့် ရေးဆွဲခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ကာရန်မဲ့ ကဗျာများကို စတင် ရေးသားခဲ့၍ ၁၉၆၉ ခုနှစ်တွင် စာရေးဆရာကြီး ရန်ကုန်ဘဆွေက ရုပ်ရှင်ချစ်သူ မဂ္ဂဇင်းတွင် စတင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် ကလောင်အမည် မျိုးညွန့်ကို မောင်ဒီ ဟုပြောင်းလဲခဲ့ပြီး ယနေ့ထိ အနုပညာအလုပ်များ လုပ်ကိုင်လျက်ရှိသည်။

မောင်ဒီသည် ပန်းချီဆရာ တဦးလည်း ဖြစ်၍ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး စသည်တို့ကို ကြိုကြားကြိုကြား ဆိုသလိုရေးသားလျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်