1. ထိုင်းနိုင်ငံရှိ လာပါဟာဒုက္ခသည်စခန်း
  2. ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း
  3. ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်း
  4. ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းပြန်ဒုက္ခသည်စခန်း
  5. ဘန်တောင်ယန် (Ban Tong Yang) ကရင်ဒုက္ခသည်စခန်း
  6. ထိုင်း-မြန်မာနယ်စပ်ရှိ ထမ်းဟင်ဒုက္ခသည်စခန်း
  7. ထိုင်း-မြန်မာနယ်စပ်ရှိ ဘန့်တုံယမ်းဒုက္ခသည်စခန်း
  8. ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လအူးဒုက္ခသည်စခန်း
  9. ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာမိုဒုက္ခသည်စခန်း
  10. ကရင်နီဒုက္ခသည်စခန်းတွင်
  • အမှတ် (၁) စခန်းနှင့်
  • အမှတ်(၂) စခန်း ဟူ၍ စခန်း (၂) ခုရှိပြီး၊
  • အမှတ် (၁) စခန်း တွင် လူဦးရေ ၂ သောင်းနီးပါးရှိကာ
  • အမှတ် (၂) စခန်းတွင် လူဦးရေ ၄ ထောင်နီးပါးရှိကြောင်း စခန်းကော်မတီစာရင်းအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ လက်နက်မှုနှင့် သစ်ခိုးခုတ် မှုတို့ကို ထိုင်းဥပဒေဖြင့်သာ ကိုင်တွယ်ဖြေရှင်းသည့်အတွက် သက်ဆိုင်ရာ စခန်းကော်မတီနှင့် လုံခြုံရေးတာဝန်ခံများက အဆို ပါအမှုကျူးလွန်သူများကို ထိုင်းအာဏာပိုင်များထံသို့ အပ်နှံလေ့ရှိသည်။ ဒုက္ခသည်စခန်းများတွင် အဆိုပါအမှုကြီးခြောက်ခုမှလွဲ၍ အခြားအမှုများကို ကေအာရ်စီက ချမှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများအတိုင်း စခန်းတာဝန်ခံများက အရေးယူအပြစ်ပေးသွားသည်။

ကရင်နီဒုက္ခသည် ပြင်ဆင်ရန်

ကရင်နီတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင်းရှိ ကယားပြည်နယ် (ကရင်နီ) ဒီမောဆိုး မြို့နယ်မှ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့တွင် အခြေချနေထိုင်ခဲ့ရာမှ လွန်ခဲ့သည့် အနစ် ၂၀ အတွင်း မြန်မာစစ်တပ် များ၏ အဓမ္မရွှေ့ပြောင်းမှု၊ လုပ်အားပေးစေခိုင်းမှု၊ ထိုးစစ်ဆင်မှုတို့ကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။