[] ကာယဒုစရိုက်(၃)ပါး၊ ဝစီဒုစရိုက်(၄)ပါးနှင့် သုရာပါနတို့ကို ပွားများအပ်, အကြိမ်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ငရဲ၊ တိရစ္ဆာန်, ပြိတ္တာဘုံတို့၌ ဖြစ်ရ၏။ ပါဏာတိပါတ၏ အပေါ့ဆုံးအပြစ်သည် အသက်တို့၏၊ အဒိန္နာဒါန၏ အပေါ့ဆုံးအပြစ်သည် စည်းစိမ်ဥစ္စာပျက်စီးခြင်းကို ဖြစ်စေတတ်၏။ ကာမေသု မိစ္ဆာ စာရ၏ အပေါ့ဆုံးအပြစ်သည် ရန်များ၏။ မုသာဝါဒ၏ အပေါ့ဆုံးအပြစ်သည် မဟုတ် မမှန် စွပ်စွဲခံရ၏။ ပိသုဏာဝါစာ၏ အပေါ့ဆုံးအပြစ်သည် မိတ်ဆွေတို့နှင့် ကွဲပြားရ၏။ ဖရုသဝါစာ၏ အပေါ့ဆုံးအပြစ်သည် မနှစ်သက်ဖွယ်အသံကို ဖြစ်စေတတ်၏။ သမ္ဖပ္ပလာပ၏ အပေါ့ဆုံးအပြစ်သည် သူတစ်ပါးတို့ မနာယူသော စကားရှိသူ ဩဇာတိက္ကမ မရှိသူဖြစ်ရ၏။ သုရာမေရယ၏ အပေါ့ဆုံးအပြစ်သည် ရူးသွပ် (စိတ်မနှံ့ စကားမပီသူ)ဖြစ်ရ၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ []

  1. -အံ၊၃၊၇၇-၈။ အံ၊မြန်၊၃၊၇၉-၈၀။ အံ၊ဋ္ဌ၊၃၊၂၃၂-၃။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဒါနဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ