အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော သာကီဝင်မင်းတစ်ပါးသည် သာကီဝင်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုနေရာက (၁၇)မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။ နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတ ကို အိမ်ရှေ့မင်း အပ်နှင်း၏။ ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည် ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို နှိမ်နင်းပြီးသောအခါ မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေခေတ္တရာ) ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။ ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။

အံ့ဩဘွယ် ငါးရပ်

ပြင်ဆင်ရန်

ဧရာဝတီမြစ်ရိုး၏ အလယ်ပိုင်းလောက်တွင် အံ့ဩဘွယ် အကြောင်းအခြင်းအရာ ငါးရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုပေသည်။

  1. အသံကြီးစွာ မြည်လျက် မြေငလျင်လှုတ်ခဲ့သည်။
  2. ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာသည်။
  3. စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။
  4. ပုပ္ပါးတောင် မြေကထွက်လာသည်။
  5. သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်။ (မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၇)

ထိုသို့ မြေအကြီးအကျယ် လှုတ်သွားတာ အရင်နှစ်ပေါင်း တစ်သန်းက ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ (မှန်နန်းရာဇဝင်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၁၄)[]

မင်းဆက်(၁၇)ဆက်

ပြင်ဆင်ရန်
  1. သတိုးဇမ္ဗူဒီပဓဇရာဇာ
  2. သတိုးတိုင်းရရာဇာ
  3. သတိုးရထားရရာဇာ
  4. သတိုးတံခွန်ရရာဇာ
  5. သတိုးလှံရရာဇာ
  6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)ရာဇာ
  7. သတိုးဂဠုန်ရရာဇာ
  8. သတိုးနဂါးရရာဇာ
  9. သတိုးနဂါးနိုင်မင်း (ရာဇဝင်လာ - မောင်ပေါက်ကျိုင်း)
  10. သတိုးလောဟာရာဇာ
  11. သတိုးပေါင်ရှည်ရာဇာ
  12. သတိုးကျောက်ရှည်ရာဇာ
  13. သတိုးဆင်လောက်ရာဇာ
  14. သတိုးဆင်ထိန်းရာဇာ
  15. သတိုးတိုင်းချစ်ရာဇာ (မှန်နန်း) သတိုးမင်းဖျား
  16. သတိုးမင်းကြီးရာဇာ
  17. သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။[]

ထိုမင်းတို့သည် နတ်မိစ္ဆာ ဘီလူးရက္ခုသ် မြွေနဂါးတို့ နှောင့်ယှက်သောကြောင့် နန်းသက်တိုကြရသည်။ []

  1. ဒေါက်တာသန်းထွန်း (ဇူလိုင် ၂၀၀၆)။ ပျူတွေဘယ်ပျောက်သွားသလဲ (ပထမ ed.)။
  2. ဦးကိုကိုဦး (အောက်တိုဘာ ၂၀၀၅)။ သမိုင်းစဉ်ဆက် သက္ကရာဇ် မှတ်တမ်းများ (ပထမ ed.)။
  3. အရှင် သံဝရာလင်္ကာရ ဓမ္မပိယဆရာတော် ရေး ဒို့နိုင်ငံတော် ၊ ၂၀၁၀-ဖေဖော်ဝါရီလ၊ စာ-၁၀