ဒုတိယ ကုလူပကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အလွန်ကြာမြင့်စွာ ဒါယကာတို့နှင့် ရောနှော၍နေသော အိမ်သို့ကပ်တတ်သော ရဟန်း၏ အပြစ်ငါးမျိုးကို ဟောကြားတော်မူခဲ့သည်။[၁]

ဒုတိယ ကုလူပကသုတ် ပြင်ဆင်ရန်

ရဟန်းတို့ အလွန်ကြာမြင့်စွာ ဒါယာကာတို့နှင့် ရောနှော၍ နေသော, အိမ်သို့ ကပ်တတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါမျိုးတို့နည်း ဟူမူ -[၁]-

  • မာတုဂါမအား မပြတ်တွေ့မြင်ရ၏။
  • တွေ့မြင်သည်ရှိသော် နှီးနှောမိ၏။
  • နှီးနှောမိသည်ရှိသော် အကျွမ်းဝင်၏။
  • အကျွမ်းဝင်သည်ရှိသော် ရာဂသို့ သက်ဝင်၏။
  • (ရာဂ) သက်ဝင်သောစိတ်ရှိသော ရဟန်းအား “မမွေ့လျော်ပဲလည်း မြတ်သော အကျင့်ကို ကျင့်ရလိမ့်မည်၊ ညစ်နွမ်းသော အာပတ် တမျိုးမျိုးသို့မူလည်း ရောက်ရလိမ့်မည်၊ သိက္ခာချ၍မူလည်း လူထွက်လိမ့်မည်” ဟူသော ဤအရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။[၁]

ရဟန်းတို့ အလွန်ကြာမြင့်စွာ ဒါယာကာတို့နှင့် ရောနှော၍ နေသော, အိမ်သို့ ကပ်တတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၆ - ဒုတိယ ကုလူပကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၇။