ဒုတိယ တဏှသပ္ပသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မြွေဟောက်၏ အပြစ်နှင့် မာတုဂါမ၏ အပြစ်ကို နှိုင်းယှဉ်ပြတော်မူ၍ ဟောကြားတော်မူခဲ့သည်။[၁]

ဒုတိယ တဏှသပ္ပသုတ် ပြင်ဆင်ရန်

မြွေဟောက်၏ အပြစ် ပြင်ဆင်ရန်

ရဟန်တို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ -

အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ပြင်းထန်သောအဆိပ်ရှိ၏၊ လျှာနှစ်ခွရှိ၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]

မာတုဂါမ၏ အပြစ် ပြင်ဆင်ရန်

ရဟန်းတို့ ဤအတူသာလျှင် မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ -

အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ပြင်းထန်သောအဆိပ်ရှိ၏၊ လျှာနှစ်ခွရှိ၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ ထိုငါးမျိုးသော အပြစ်တို့တွင် ဤဆိုလတ္တံ့သည်ကား မာတုဂါမ၌ ပြင်းထန်သော အဆိပ်ရှိသည်၏ အဖြစ်တည်း။ ရဟန်းတို့ မာတုဂါမသည် များသောအားဖြင့် ထက်မြက်သော တပ်မက်မှု ‘ရာဂ’ ရှိ၏။

ရဟန်းတို့ ထိုငါးမျိုးသော အပြစ်တို့တွင် ဤဆိုလတ္တံ့သည်ကား မာတုဂါမ၏ လျှာနှစ်ခွရှိသည့် အဖြစ်တည်း။ ရဟန်းတို့ မာတုဂါမသည် များသောအားဖြင့် ကုန်းတိုက်တတ်၏။

ရဟန်းတို့ ထိုငါးမျိုးသော အပြစ်တို့တွင် ဤဆိုလတ္တံ့သည်ကား မာတုဂါမ၏ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်သည့် အဖြစ်တည်း။ ရဟန်းတို့ မာတုဂါမသည် များသောအားဖြင့် လင်ကို လွန်ကျူး၍ ကျင့်တတ်၏။

ရဟန်းတို့ မာတုဂါမ၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃- ဒီဃစာရိကဝဂ် ၁၀- ဒုတိယ တဏှသပ္ပသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၉၊ ၂၉၀။