ဒုတိယ ဒိဃစာရိကသုတ်
ဒုတိယ ဒီဃစာရိကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရှည်လျားစွာ ခရီးသွားခြင်း, အပိုင်းအခြားမရှိပဲ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်ငါးမျိုးနှင့် အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]
ဒုတိယ ဒီဃစာရိကသုတ်
ပြင်ဆင်ရန်ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိဘဲ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်း ဟူမူ -[၁]
- မရဘူးသော တရားထူးကို မရ။
- ရပြီးသော တရားထူးမှ ယုတ်လျော့၏။
- ရပြီးသော အချို့သော တရားဖြင့် မရဲရင့်။
- ပြင်းထန်စွာ ရောဂါစွဲကပ်ခြင်းသို့ ရောက်၏။
- အဆွေခင်ပွန်းလည်း မရှိ။[၁]
ရဟန်းတို့ ရှည်လျားစွာ ခရီးသွားခြင်း အပိုင်းအခြားမရှိဘဲ ခရီးသွားခြင်းကို အဖန်တလဲလဲ အားထုတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု(မိန့်တော်မူ၏)။[၁]
ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိးတို့နည်း ဟူမူ -[၁]
- မရဘူးသေးသော တရားထူးကို ရ၏။
- ရပြီးသော တရားထူမှ မယုတ်လျော့။
- ရပြီးသော အချို့သော တရားထူးဖြင့် ရဲရင့်၏။
- ပြင်းထန်စွာ ရောဂါ စွဲကပ်ခြင်းသို့ မရောက်။
- အဆွေခင်ပွန်းလည်း ရှိ၏။[၁]
ရဟန်းတို့ အပိုင်းအခြားရှိသော ခရီးသွားခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း ဟု(မိန့်တော်မူ၏)။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၂- ဒုတိယ ဒီဃစာရိကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၄, ၂၈၅။