ဒုတိယ ပတ္ထနာသုတ်
ဒုတိယ ပတ္ထနာသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အင်္ဂါငါးမျိုနှင့် ပြည့်စုံသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက် သွန်းလောင်းပြီးသောမင်း၏ သားကြီးသည် မင်းအဖြစ်ကို တောင့်တကြောင်း၊ ဤအတူသာလျှင် တရားငါးမျိုးနှင့် ပြည်စုံသော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကို တောင့်တကြောင်း ဟောကြားတော်မူခဲ့သည်။[၁]