ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲကြောင်း ဟောကြားတော်မူခဲ့သည်။[၁]

ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ် ပြင်ဆင်ရန်

ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -

  • ရဟန်းတို့ ဆိုဆုံးမလွယ်သော တောထွက်ရဟန်းကို ရခဲ၏။
  • ကောင်းသောအယူကို ယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
  • ဆုံးမစကားကို အမြတ်တနိုးခံယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
  • တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
  • ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏ ဟု(မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၆) ၁-နီဝရဏဝဂ်၊ ၁၀- ဒုတိယ ဝုဍ္ဎပဗ္ဗဇိတသုတ်