ဒုတိယ သဒ္ဓမ္မသမ္မောသသုတ်

ဒုတိယ သဒ္ဓမ္မသမ္မောသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်သော တရားငါးမျိုးနှင့် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန် ဖြစ်သော တရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ဒုတိယ သဒ္ဓမ္မသမ္မောသသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန်ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ’

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည် ’[၁]

  • သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကိုမသင်ကုန်။ [၁]

ရဟန်းတို့ ဤပဌမသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးတို့အား မဟောကြားကုန်။ [၁]

ရဟန်းတို့ ဤဒုတိယသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးကို မပို့ချကြကုန်။ [၁]

ရဟန်းတို့ ဤတတိယသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်ရွတ်ဖတ် (သရဇ္ဈာယ်) ခြင်းကို မပြုကုန်။[၁]

ရဟန်းတို့ ဤစတုတ္ထသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန်မကြံစည်ကုန်၊ အဖန်ဖန် မသုံးသပ်ကုန်၊ စိတ်ဖြင့် အဖန်ဖန် မဆင်ခြင်ကုန်။ [၁]

ရဟန်းတို့ ဤပဉ္စမသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်ကုန်၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏။[၁]

အဘယ်ငါးမျိုးတို့နည်းဟူမူ’

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်’[၁]

  • သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကိုသင်ကုန်၏။[၁]

ရဟန်းတို့ ဤပဌမသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးတို့အား ဟောကြားကုန်၏။ [၁]

ရဟန်းတို့ ဤဒုတိယသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်သူတစ်ပါးကို ပို့ချကြကုန်၏။ [၁]

ရဟန်းတို့ ဤတတိယသဘောတရားသည် သူတော်ကောင်းတရားတည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို အကျယ် အားဖြင့်ရွတ်ဖတ် (သရဇ္ဈာယ်) ခြင်းကို ပြုကုန်၏။[၁]

ရဟန်းတို့ ဤစတုတ္ထသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]

  • ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် နာယူပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန်ကြံစည်ကုန်၏၊ အဖန်ဖန် သုံးသပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်ကုန်၏။ [၁]

ရဟန်းတို့ ဤပဉ္စမသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ ၁.၁၇ ၁.၁၈ ၁.၁၉ ၁.၂၀ ၁.၂၁ ၁.၂၂ ၁.၂၃ ၁.၂၄ ၁.၂၅ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၆) ၁- သဒ္ဓမ္မဝဂ် ၅ - ဒုတိယ သဒ္ဓမ္မသမ္မောသသုတ်