ဒုတိယ သမ္ပဒါသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ပြည့်စုံခြင်း ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ဒုတိယ သမ္ပဒါသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ပြည့်စုံခြင်း တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံခြင်း၊ တည်ကြည်မှု ‘သမာဓိ’ နှင့် ပြည့်စုံခြင်း၊ သိမှု ‘ပညာ’ နှင့် ပြည့်စုံခြင်း၊ (ကိလေသာမှ) ထွက်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့် ပြည့်စုံခြင်း၊ (ကိလေသာမှ) လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ ၌ ဖြစ်သော ဉာဏ်အမြင် ‘ပစ္စဝေက္ခဏာဉာဏ်’ နှင့် ပြည့်စုံခြင်းတို့တည်း။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၁၀) ၅ - ကကုဓဝဂ် ၂- ဒုတိယ သမ္ပဒါသုတ်