ဒုတိယ သမ္မတ္တနိယာမသုတ်
ဒုတိယ သမ္မတ္တနိယာမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်း ကုသိုလ်တရားတို့၌ မဖောက်မပြန် မြဲသော သဘော (အရိယာမဂ်) သို့ သက်ဝင်ရန် မထိုက်တန်ကြောင်းနှင့် တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်း ကုသိုလ်တရားတို့၌ မဖောက်မပြန် မြဲသော သဘော (အရိယာမဂ်) သို့ သက်ဝင်ရန် ထိုက်တန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]
ဒုတိယ သမ္မတ္တနိယာမသုတ်
ပြင်ဆင်ရန်ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။ အဘယ်ငါးမျိုးတို့နည်းဟူမူ - [၁]
- ဟောကြားသော တရားကို မထီမဲ့မြင် ပြု၏။
- တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြု၏။
- မိမိကိုယ်ကို မထီမဲ့မြင် ပြု၏။
- ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏။
- မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ရှိ၏။[၁]
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။[၁]
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ - [၁]
- ဟောကြားသော တရားကို မထီမဲ့မြင် မပြု။
- တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြု။
- မိမိကိုယ်ကို မထီမဲ့မြင် မပြု။
- ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ။
- မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ မရှိ။[၁]
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။[၁]