ဒုတိယ အက္ခန္တိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သည်းမခံခြင်း၏ အပြစ်ငါးမျိုးနှင့် သည်းခံခြင်း၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ဒုတိယ အက္ခန္တိသုတ် ပြင်ဆင်ရန်

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]

  • လူအများသည် မချစ် မနှစ်သက်။
  • ကြမ်းကြုတ်၏။
  • နှလုံး မသာယာ။
  • တွေဝေလျက် သေရ၏။
  • ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။[၁]

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]

ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - [၁]

  • လူအများ ချစ်နှစ်သက်၏။
  • မကြမ်းကြုတ်။
  • နှလုံး မသာမယာမဖြစ်။
  • မတွေဝေပဲ သေရ၏။
  • ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရ၏။[၁]

ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၂) ၂-အက္ကောသကဝဂ်၊ ၆-ဒုတိယ အက္ခန္တိသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၁။