ဒုတိယ အပါသာဒိကသုတ်
ဒုတိယ အပါသာဒိကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၏ အပြစ်ငါးမျိုးနှင့် ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]
ဒုတိယ အပါသာဒိကသုတ်
ပြင်ဆင်ရန်ရဟန်းတို့ ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]
- မကြည်ညိုသေးသော သူတို့ မကြည်ညိုကုန်။
- ကြည်ညိုပြီးသော အချို့သူတို့သည်လည်း အကြည်ညိုပျက်ကုန်၏။
- မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်မှု မရှိ။
- နောင်လာနောက်သားသည် အတုလိုက်၏။
- ထိုပုဂ္ဂိုလ်၏ စိတ်သည် မကြည်လင်။[၁]
ရဟန်းတို့ ကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၁]
ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -[၁]
- မကြည်ညိုသေးသော သူတို့ ကြည်ညိုကုန်၏။
- ကြည်ညိုပြီးသောသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။
- မြတ်စွာဘုရား အဆုံးအမတော်ကို လိုက်နာပြုကျင့်၏။
- နောင်လာနောက်သားသည် အတုလိုက်၏။
- ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်၏။[၁]
ရဟန်းတို့ ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏) [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ)၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၂) ၂-အက္ကောသကဝဂ်၊ ၈- ဒုတိယ အပါသာဒိကသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၂, ၂၈၃။