ဒုလုတိကန်
ဒုလုတိကန် သည် တန်ဇန်းနီးယားနိုင်ငံ၊ အရှေ့ဒေသတွင် တည်ရှိသည့် မီးတောင်ပေါက်ကွဲရာမှ ဖြစ်လာသည့် ကန်တစ်ခု ဖြစ်သည်။[၄]ဤကန်သည် မြေနိမ့်လွင်ပြင်ဒေသကြီး၏ အရှေ့ဘက်အပိုင်း၏ အရှေ့ဘက်အစွန်းတွင် တည်ရှိသည်။ မီရုခရိုင်တွင် တည်ရှိပြီး တန်းဂီရုမြို့နှင့် နီးကပ်သည်။ အရုရှမြို့လယ်မှ ၁၄ ကီလိုမီတာ (၈.၇ မိုင်) အကွာတွင် တည်ရှိသည်။ အရုရှ - မိုရှိလမ်းမမှ ၁.၃၁ ကီလိုမီတာ(၀.၈၁ မိုင်) အကွာတွင် ဖြစ်သည်။
ဒုလုတိကန် | |
---|---|
Lake Duluti | |
တည်နေရာ | Arusha District |
ကိုဩဒိနိတ် | ကိုဩဒိနိတ်: 3°23′10″S 36°47′20″E / 3.386°S 36.789°E |
အမျိုးအစား | Natural freshwater lake, volcanic crater lake |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | တန်ဇန်းနီးယားနိုင်ငံ |
အကျယ်ဆုံး အလျား | ၁.၁၁ km (၀.၆၉ mi) |
အကျယ်ဆုံး အနံ | ၀.၇၃ km (၀.၄၅ mi) |
မျက်နှာပြင် ဧရိယာ | ၀.၆ km2 (၀.၂၃ sq mi)[၁] |
အနက်ဆုံး အနက်အရှိုင်း | ၉ m (၃၀ ft)[၂] |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁,၂၉၀ m (၄,၂၃၀ ft)[၃] |
ကန်သည် ၆၃ ဟက်တာခန့် (၁၆၀ ဧက) လွှမ်းခြုံတည်ရှိသည်။ ပတ်ဝန်းကျင်တွင် ဒုလုတိတောရှိပြီး ၁၉ ဟက်တာ (၄၇ ဧက) ကုန်းမြေအဖြစ် တည်ရှိသည်။ ကန်၏ အလယ်ပိုင်း အနက်ဆုံးနေရာသည် ၉ မီတာ (၃၀ ပေ) ရှိသည်။ ကန်၏ ကန်ခြေအပိုင်းသည် တိမ်သည့်အပိုင်း ဖြစ်သည်။ ကန်၏ အနက်သည် နေရာတစ်ခုနှင့် တစ်ခု အပြောင်းအလဲ ရှိသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ Nancy P. Mduma, Hans C. Komakech, Jing Zhang and Alfred N. Muzuka, "APPLICATION OF ISOTOPES AND WATER BALANCE ON LAKE DULUTI-GROUNDWATER INTERACTION, ARUSHA, TANZANIA," Manuscript under review for Hydrology and Earth System Sciences, published 8 June 2016, p. 3, online at https://www.hydrol-earth-syst-sci-discuss.net/hess-2016-176/hess-2016-176.pdf .
- ↑ Mduma, et al., p. 3.
- ↑ Mduma, et al., p. 3.
- ↑ Arusha Region။
- ↑ lake duluti။