ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်၍ ဒုလ္လဘတရား ငါးပါးရှိသည်။

  • ဘုရားသာသနာတော်နှင့် ကြုံရန်ခဲယဉ်းခြင်း။
  • သစ္စာတရားဟောတတ်ပြောတတ်သည့် ကလျာဏမိတ္တ ဆရာကောင်း သမားကောင်းများနှင့် ကြုံရန်ခဲယဉ်းခြင်း။
  • သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရားတော်မြတ်များအား ကြားနာတတ်ရန် ခဲယဉ်းခြင်း။
  • နှလုံးသွင်းမှန်ဖြင့် အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် အားထုတ်ရန် ခဲယဉ်းခြင်း။
  • အကျင့်ကောင်းအကျင့်မြတ်များကို ကျင့်ကြံကြိုးစားအားထုတ်၍ တရားဓမ္မများဖြင့် ပြန်လည်ပူဇော်ရန် ခဲယဉ်းခြင်း။ [၁]


တစ်နည်း - ဒုလ္လဘတရား ၅-ပါး။ သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၂၅-၌ အကျယ်ရှုပါ။ ရခဲလှစွာသော သဘောတရား၅-ပါး ဟူလို။

  • (၁) ဗုဒ္ဓပ္ပါဒဒုလ္လဘာ- ဘုရားအဖြစ်ကို ရခဲခြင်း၊
  • (၂) မနုဿတ္တဘာဝ ဒုလ္လဘ- လူ့ဘဝ လူ့အဖြစ်ကို ရခဲခြင်း၊
  • (၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ- ရတနာသုံးပါး၏ဂုဏ်ကျေးဇူး သတ္တိနှင့် ကံ ကံ၏အကျိုးကိုယုံကြည်ခြင်း စိတ်ဓာတ်ကိုရခဲခြင်း၊
  • (၄) ပဗ္ဗဇ္ဇိတဘာဝဒုလ္လဘ - ဘုရားသာသနာအတွင်း၌ ရှင်သာမဏေ ရဟန်းပဉ္ဇင်းအဖြစ် ရခဲခြင်း၊
  • (၅) သဒ္ဓမ္မသဝနအတိဒုလ္လဘ- သူတော်ကောင်းတို့၏ တရားစစ်တရားမှန်ကို အလွန်တရာ ကြားနာရခဲခြင်း။ [၂]


ကိုးကား ပြင်ဆင်ရန်