ဒုံးချင်း ဆိုသည်မှာ အချို့သော မြို့ရွာဒေသများ၌ ဘုန်းကြီးပျံ လောင်တိုက်တို့ကို ဈာပနပြာချ မီးသင်္ဂြိုဟ် ကြသောအခါ ရိုးရိုးတန်းတန်း ပကတိမီးတို့ဖြင့် သင်္ဂြိုဟ်ခြင်း မပြုကြဘဲ အမြှောက်ပုံသဏ္ဌာန် ပြောင်းတံ၌ စနက်တံ ယမ်းမီးတို့ဖြင့် စီရင်ထားသော ဒုံး (ဒုံးပျံ)ကို လောင်တိုက်ရှိရာသို့ ကြိုးနှင့်သွယ်တန်းကာ ဒုံးလွှတ်ပြီး မီးသင်္ဂြိုဟ်လေ့ ရှိကြသည်။ ထိုသို့ ဒုံးလွှတ်သောအခါ သီဆိုအပ်သော ကဗျာသီချင်းကို ဒုံးချင်းဟု ခေါ်ကြသည်။ မြန်မာစာညွန့်ပေါင်းကျမ်းတွင် (တုံးချင်း)ဟု တ-ဝမ်းပူနှင့်ရေးသည်။ လှေပြိုင်၊ လှည်းပြိုင်စသော အပြေးပြိုင်ပွဲကို ဒုံးပြေးသည်၊ ဒုံးပြိုင်သည်ဟုလည်း အခေါ်ရှိသည်။ [၁]

တုံးချင်းများသည် ဘုရားပွဲတော်များတွင် ထူးဆန်းအံ့ဩဘွယ်ရာ အရုပ်ကြီးများကို ကောက်ရိုးဖြင့် ပြုလုပ်၍ အပြိုင်အဆိုင် ကပြသီဆိုကြသော သီချင်းဖြစ်သည်။ တုံးမတိုက်မီ တုံးချင်းကို ဆိုကြသည်။ စာဆိုတို့သည် တစ်ဖက်က စာဆိုများ မခံချင်အောင် တုံးရုပ်ကို ပြုလုပ်၍ စာဖွဲ့ကြသည်။ ထိုစာတွင် တစ်ဖက်သား၏ အကြောင်းအရာများကို ထည့်စပ်၍ ဖွဲ့သည်။ [၂]

  • ဒုံးချင်းသည် ကရင်ဒုံးယိမ်းနှင့် မဆိုင်ပါ။

ကိုးကား ပြင်ဆင်ရန်

  1. (နန္ဒမာလိနီ ... မှ)
  2. မြန်မာစာပေ လက်ရွေးစင်၊ ဦးဧဟန်၊ ၁၉၆၈၊ ဩဂုတ်လ၊ စာ-၅