ဒေတာတူးဖော်ခြင်း (အင်္ဂလိပ်: data mining) ဆိုသည်မှာ Data warehouse (သို့) Database တွင်ရှိသော ဒေတာများ (Big Data ဟုလည်းခေါ်သည်)ကို အသုံးချ၍ သင်္ချာ (သို့) စာရင်းအင်းတွက်ချက်နည်း (Statistics) ဖြင့် တန်ဖိုးရှိသော အချက်အလက်များကို ကောက်ချက်ဆွဲခြင်းဖြစ်သည်။ ထိုသို့ ကောက်ချက်ဆွဲခြင်းဖြင့် တန်ဖိုးမရှိသောဒေတာမှ တန်ဖိုးရှိသောအချက်အလက်များထွက်လာသည်။​ ဥပမာဆိုရလျှင် အမေဇုန်အွန်လိုင်းဈေးဝယ်သည့် ဝက်ဆိုက်တွင် ဈေးဝယ်သူများ၏ပစ္စည်းဝယ်ယူမှုဒေတာများကို မှတ်ထားပြီး မည်သည့်ပစ္စည်းဝယ်လျှင် မည်သည့်ပစ္စည်းပါတွဲဝယ်တတ်သည်ကို မှတ်သားထားသည်။ နောင်အခါ အခြားဈေးဝယ်သူတစ်ယောက်မှ ထိုပစ္စည်းကိုဝယ်ယူလျှင် နောက်ထပ်တွဲဝယ်ယူတတ်သည့်ပစ္စည်းကိုပါ ပြတတ်သည်။