ဒေလီ တက္ကသိုလ်
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အာရှထိပ်တန်း တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ အိန္ဒိယနိုင်ငံက ဒေလီ တက္ကသိုလ် (University of Delhi) ကို ၁၉၂၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အာရှဒေသတွင်းမှာ သက်တမ်းရှည်တဲ့ တက္ကသိုလ်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ဒေလီ တက္ကသိုလ် (University of Delhi) ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တည်ရှိပြီး အိန္ဒိယနိုင်ငံအနေနဲ့ ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံတစ်ခုအဖြစ် ရှိနေစဉ် ၁၉၂၂ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယ အစိုးရက ထူထောင်ပေးခဲ့ခြင်းပါ။ ပထမမှာတော့ ဗြိတိသျှအိမ်ရှေ့စံ ချားလ်စ် အမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရင့်စ် ချားလ်စ် တက္ကသိုလ် (Prince Charles University) လို့ နာမည်ပေးဖို့ စဉ်းစားခဲ့ပေမယ့် အငြင်းပွားမှုတွေ ရှိတာကြောင့် ဒေလီ တက္ကသိုလ် လို့ပဲ အမည်တွင်ခဲ့ရပါတယ်။
ဒေလီ တက္ကသိုလ်ကို လက်အောက်ခံ ကောလိပ် ၃ ခုနဲ့ စတင် ဖွဲ့စည်းခဲ့ခြင်းပါ။ ၁၈၈၁ ခုနှစ်မှာ စိန့် စတီဖင် ကောလိပ် (St. Stephen's College)၊ ၁၈၉၉ မှာ ဟင်ဒူ ကောလိပ် (Hindu College) နဲ့ ၁၉၁၇ မှာ ရမ်ဂျပ်စ် ကောလိပ် (Ramjas College) တို့ကို တစ်ခုပြီးတခု တည်ထောင်ဖွဲ့စည်းခဲ့ကာ ဒေလီ တက္ကသိုလ်အဖြစ် ရောက်ရှိခဲ့ခြင်းပါ။
၁၉၃၀ နောက်ပိုင်းမှာ ဆာ မောရိုက်စ် ဂိုင်ယာ (Sir Maurice Gwyer) ဟာ ဗြိတိသျှ အိန္ဒိယရဲ့ တရားသူကြီးချုပ် ဖြစ်လာပြီး ဒေလီ တက္ကသိုလ်ရဲ့ ဒုတိယ အဓိပတိအဖြစ်လည်း ခန့်အပ်ခံရပါတယ်။ သူ့လက်ထက်မှာ ဘွဲ့လွန် သင်တန်းတွေ၊ ဓာတ်ခွဲခန်းတွေ တိုးချဲ့ ဖွင့်လှစ်ပါတယ်။ ဆာ မောရိုက်စ် ဂိုင်ယာဟာ ဒုတိယ အဓိပတိအဖြစ် ၁၉၅၀ အထိ တာဝန်ယူခဲ့ပြီး တက္ကသိုလ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူအဖြစ် ဒေလီတက္ကသိုလ် သမိုင်းမှာ အသိအမှတ်ပြုခံရသူပါ။
ဒေလီ တက္ကသိုလ်ရဲ့ ငွေရတုနှစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ်ဟာ အိန္ဒိယ လွတ်လပ်ရေး ရတဲ့နှစ်နဲ့ ကြုံကြိုက် ခဲ့ပါတယ်။ အိန္ဒိယကနေ ခွဲထွက်ရန် ကြိုးပမ်းမှုတွေကြောင့် အဲဒီနှစ်မှာ ဘွဲ့နှင်းသဘင် မကျင်းပနိုင်ဘဲ ၁၉၄၈ ခုနှစ်ကျမှ ကျင်းပနိုင်ပြီး အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး၊ လော့ဒ် မောင့်ဘက်တန်နဲ့ ဇနီး စသူတို့ တက်ရောက်ခဲ့ပါတယ်။ ၁၉၇၃ ရွှေရတုမှာတော့ အိန္ဒိယ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီ၊ အမ်ရီတာ ပရီတမ် စသူတို့ တက်ရောက်ခဲ့ပါတယ်။
ဌာနများနဲ့ တက္ကသိုလ် ပရဝုဏ်များ
ပြင်ဆင်ရန်ဒေလီတက္ကသိုလ်ဟာ အိန္ဒိယမှာ အကြီးဆုံးတက္ကသိုလ်ထဲက တစ်ခုအဖြစ် ကြီးထွားဖွံ့ဖြိုးခဲ့ပါတယ်။ လက်ရှိမှာတော့ မဟာဌာန ၁၆ ခု၊ ဌာန ၈၆ ခု၊ ကောလိပ် ၇၇ ခုနဲ့ အသိအမှတ်ပြု အင်စတီကျူ ၅ ခု ရှိပါတယ်။ ဘွဲ့ကြို ကျောင်းသူကျောင်းသား ၁ သိန်း ၁ သောင်းကျော်နဲ့ ဘွဲ့လွန် ကျောင်းသား ၁ သောင်း ၇ ထောင်ကျော် ရှိပါတယ်။
ဒေလီမြို့တလွှားက ကောလိပ်ပေါင်း ၇၇ ခုဟာ ဒေလီ တက္ကသိုလ်နဲ့ ချိတ်ဆက်ထားပါတယ်။ ဒေလီ တက္ကသိုလ်မှာတော့ အဓိက ပရဝုဏ် ၂ ခုရှိပြီး မြောက်ပိုင်း ပရဝုဏ်နဲ့ တောင်ပိုင်း ပရဝုဏ်လို့ ခေါ်ပါတယ်။
မြောက်ပိုင်း ပရဝုဏ်မှာ တက္ကသိုလ်တည်စက ကောလိပ်ဟောင်း ၃ ခု အပါအဝင် ကောလိပ် ၉ ခုရှိပါတယ်။ ဒါ့အပြင် မြောက်ပိုင်း ပရဝုဏ်မှာ ဒေလီ စီးပွားရေးကျောင်းလည်း ရှိပါတယ်။ တောင်ပိုင်း ပရဝုဏ်ကိုတော့ ၁၉၇၃ မှာ စတင်တိုးချဲ့ပြီး ၆၉ ဧက ကျယ်ပါတယ်။ ဝိဇ္ဇာမဟာဌာန၊ အသုံးချသိပ္ပံနဲ့ အက်စ် ပီ ဂျိန်း စီမံခန့်ခွဲမှု လေ့လာရေး စင်တာတို့ ပါဝင်ပါတယ်။
ဒေလီ တက္ကသိုလ်နဲ့ တွဲထားတဲ့ ကောလိပ်ထဲမှာ LSR လို့ အတိုကောက်ခေါ်တဲ့ လေဒီ ရှရီ ရမ် အမျိုးသမီး ကောလိပ် (Lady Shri Ram College for Women) လည်း ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယရဲ့ အကောင်းဆုံး ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ ကောလိပ်အဖြစ် သတ်မှတ်ခြင်း ခံရတဲ့ လေဒီ ရှရီ ရမ် ကောလိပ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ကျောင်းတက်ခဲ့ဖူးပြီး ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။
မဟာဌာနများ
ပြင်ဆင်ရန်ဒေလီ တက္ကသိုလ်မှာ အသုံးချ လူမှု သိပ္ပံနဲ့ လူမှုဘာသာရပ် မဟာဌာန၊ ဝိဇ္ဇာဘာသာရပ် မဟာဌာန၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး မဟာဌာန၊ ပညာရေး မဟာဌာန၊ အသုံးချ သိပ္ပံ မဟာဌာန၊ ဥပဒေ မဟာဌာန၊ စီမံခန့်ခွဲမှု လေ့လာရေး မဟာဌာန၊ သင်္ချာ မဟာဌာန၊ ဆေးပညာ မဟာဌာန စသဖြင့် မဟာဌာနများ ရှိပါတယ်။
တွဲဖက် အင်စတီကျူးရှင်းတွေ အနေနဲ့ စစ်ဆေးရုံ၊ ကျန်းမာရေးဆိုင်ရာ ဗဟိုဗြူရို၊ ဂျီ ဘီ ပန့် ဆေးရုံ၊ ဟင်ဒူ ရာအို ဆေးရုံ၊ အပြုအမှုဆိုင်ရာနှင့် ဆက်စပ်သိပ္ပံ လေ့လာရေး အင်စတီကျူ့၊ နူကလီးယား ဆေးပညာနှင့် ဆက်စက် လေ့လာရေး အင်စတီကျူ့၊ ကက်စတာဘာ ဆေးရုံ၊ ကျန်းမာရေးနှင့် မိသားစု ရေးရာ အမျိုးသား အင်စတီကျူ့တို့ ရှိပါတယ်။
ဒေလီ တက္ကသိုလ်မှာ ဘာသာရပ်ပေါင်း ၇၅ ခုသင်ကြားပြီး ဘွဲ့ကြိုတန်းက ၃ နှစ် ဖြစ်ပါတယ်။ ဆေးပညာတို့ စက်မှုဘာသာရပ်တို့ကတော့ နှစ်ပိုကြာပါတယ်။ ဘွဲ့လွန် ဘာသာရပ် ၇၀ ရှိပြီး ဆာတီဖီကိတ် သင်တန်း ၉၀ ကျော်နဲ့ ဒီပလိုမာတန်း ၂၈ ခု ရှိပါတယ်။
ဒေလီ တက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက်ကတော့ ဘွဲ့ကြိုသင်တန်းဖြစ်စေ၊ မဟာသင်တန်းဖြစ်စေ၊ ပါရဂူစာမေးပွဲဖြစ်စေ ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုကြရပါတယ်။ ဝင်ခွင့်စာမေးပွဲများကတော့ ဘွဲ့သင်တန်းများအလိုက် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပါတယ်။ စာသင်နှစ်တစ်နှစ်မှာ စီမစ်စတာ (semester) နှစ်တန်းရှိပါတယ်။ ပထမ စီမစ်စတာ (first semester)ကိုတော့ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယ စီမစ်စတာ (second semester) ကိုတော့ ဇန်နဝါရီလတွင် ဖွင့်လှစ်ပါတယ်။ စာမေးပွဲတွေကတော့ ပရက်တီကယ် အိပ်ဇက်မနေးရှင်း (Practical Examination) နဲ့ သီအိုရီ အိပ်ဇက်မနေးရှင်း (Theory Examination) ဆိုပြီး နှစ်ပိုင်းခွဲဖြေရလေ့ရှိပါတယ်။
ဒေလီတက္ကသိုလ် ကျောင်းသားများအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတွင်းမှာရှိတဲ့ လူမှုရေးလှုပ်ရှားမှုများမှာ မပါမနေရအနေနဲ့ ပါဝင်လှုပ်ရှားကြရပါတယ်။ ဒါ့အပြင် ကျောင်းတွင်းက လှုပ်ရှားမှုများမှာလည်း တက်ကြွစွာပါဝင်ပြီး ကျောင်းတွင်းသတင်းစာ၊ စာစောင်များမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ သတင်းဆောင်းပါးများမှာ ပါဝင်ခဲ့ပါက ကျောင်းသားများရဲ့ ကိုယ်ရေးရမှတ်ကောင်းများကို ရရှိကြရမှာပါ။ ဒီအတွက်ကြောင့် ဒေလီ တက္ကသိုလ်ရှိ ကောလိပ်များတွင် လူမှုရေးအဖွဲ့အစည်းများ အပါအဝင် လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းများစွာကို ဖွဲ့စည်းခွင့်ပေးထားခြင်းပါ။ ဒီလိုဖွဲ့စည်းခွင့် ပေးထားတဲ့အတွက် ဒေလီ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာမြင့်တင်နိုင်ခဲ့ပါတယ်။
တက္ကသိုလ် အဆင့်
ပြင်ဆင်ရန်ဒေလီတက္ကသိုလ်ဟာ တစ်ချိန်ကတော့ အိန္ဒိယရဲ့ နံပါတ်၁ တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ နည်းပညာတက္ကသိုလ်များက ရှေ့ဆုံးမှဦးဆောင်နေပြီး ဒေလီတက္ကသိုလ်ကတော့ နံပါတ်၅ နေရာမှာသာ ရှိပါတော့တယ်။ သို့သော်လည်း အာရှဒေသတွင်းမှာတော့ နံပါတ်၁၀ အတွင်းမှာ ရှိနေပြီး နိုင်ငံတကာမှ ကျောင်းသားများကတော့ အာရှဒေသတွင်း တက္ကသိုလ်တွေထဲမှာ ဂျပန်နိုင်ငံမှ တိုကျိုတက္ကသိုလ်၊ တောင်ကိုရီးယားမှ ဆိုးလ်အမျိုးသားတက္ကသိုလ်၊ စင်္ကာပူမှ စင်္ကာပူအမျိုးသား တက္ကသိုလ်တို့ပြီးရင် ဒေလီတက္ကသိုလ်ကို စိတ်ဝင်စားကြပါတယ်။ သို့သော်လည်း ဒေသတွင်း မတူညီတဲ့ ဇာတ်ခွဲခြားမှုစနစ်များ၊ ယဉ်ကျေးမှုများကြောင့် စိတ်ဝင်စားမှု နည်းပါးခြင်း လည်းဖြစ်ပါတယ်။
ဒေလီ တက္ကသိုလ်ရဲ့ အစဉ်အလာအရ အိန္ဒိယ သမ္မတဟာ ဂုဏ်ထူးဆောင် ဧည့်သည် ဖြစ်ပြီး အိန္ဒိယ ဒု သမ္မတ ဒုတိယ အဓိပတိ၊ အိန္ဒိယ တရားသူကြီးချုပ်က အရံ အဓိပတိ အဖြစ်ဆောင်ရွက်ပါတယ်။
ထူးခြားထင်ရှားသူများ
ပြင်ဆင်ရန်အစဉ်အလာ ကြီးမားတဲ့ ဒေလီတက္ကသိုလ်ဟာ နာမည်ကျော်များစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံအကြီးအကဲ ၇ ဦးနဲ့ နိုဘယ်ဆုရ ၂ ဦး ပါပါတယ်။ အန္ဒိယ ဝန်ကြီးချုပ် နရိန်ုဒြာ မိုဒီ (Narendra Modi)၊ ပါလီမန် အမတ် ရာအူး ဂန္ဒီ (Rahul Gandhi)၊ ပဉ္စမမြောက် အိန္ဒိယ သမ္မတ ဖာခရူဒင် အလီ အာမက် (Fakhruddin Ali Ahmed) တို့ ပါဝင်ပါတယ်။
ပြည်ပက ထင်ရှားသူများထဲမှာတော့ မာလာဝီ သမ္မတ ဘင်ဂူ ဝါ မူသာရီကာ (Bingu wa Mutharika) ၊ ဆဋ္ဌမမြောက် ပါကစ္စတန် သမ္မတ မိုဟာမက် ဇီယာ အူ ဟက် (Muhammad Zia-ul-Haq) ၊ နီပေါ ဝန်ကြီးချုပ် ဂီရီဂျာ ပရာဆတ် ကိုအီရာလာ (Girija Prasad Koirala) ၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် တို့ ပါဝင်ပါတယ်။