ဒေဝါနံပိယတိဿမင်း[၁] သည် သီရိလင်္ကာနိုင်ငံ၏ ရှေးမြို့တော်ဟောင်း အနုရာဓပူရမြို့တွင် မင်းပြုခဲ့သော အစောပိုင်းမင်းတစ်ပါး ဖြစ်သည်။ ရိုးရာရာဇဝင်ကျမ်းအရ ၃၀၇ ဘီစီမှ ၂၆၇ ဘီစီ အထိ မင်းပြုခဲ့သည်ဟု ဆိုပြီး ခေတ်ပေါ်ရာဇဝင်ကျမ်းများတွင် ၂၄၇ ဘီစီမှ ၂၀၇ ဘီစီ အထိ မင်းပြုခဲ့သည်ဟု ဆိုသည်။[၂] အသောကမင်းလက်ထက်တွင် သီရိလင်္ကာသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိအောင် ဆောင်ရွက်ခဲ့သော မင်းတစ်ပါးအနေဖြင့် ထင်ရှားသည်။ သူ၏ နန်းတက်ချိန်များအား မဟာဝံသ ရာဇဝင်ကျမ်းတွင် ဖော်ပြထားသည်။ မုဋသိဝမင်း၏ ဒုတိယသားတော် ဖြစ်သည်။

ဒေဝါနံပိယတိဿမင်း
King of Anuradhapura
တိဿဘုရင် ရုပ်တု
နန်းသက်၃၀၇ ဘီစီ – ၂၇၆ ဘီစီ သို့မဟုတ် ၂၄၇ ဘီစီ – ၂၀၇ ဘီစီ
ရှေ့မင်းဆက်မုဋသိဝမင်း
နောက်မင်းဆက်Uttiya
မိဖုရားရာမဒဿ
စံအိမ်ဝိဇယ
ခမည်းတော်မုဋသိဝမင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မဟာဝိဟာရ ကျောင်းတိုက်, ထူပါရာမ စေတီ, စေတိယ ကျောင်းတိုက် မဟာစေတီတည်မည့်နေရာ၌ ဂီဝါဓာတ်တော်ဌာပနာထားသော ကျောက်တိုင်, ဣဿရ သမဏ ကျောင်းတိုက်, ဝေဿဂီရိကျောင်းတိုက်, ဥပါသိကာရာမ, ဟဋ္ဌဠှက ဘိက္ခုနီမကျောင်းတိုက်, နာဂဒီပကျွန်း ဇမ္ဗုလောဟကျောင်းတိုက်-စသော သာသနိက အဆောက်အဦတို့ကို ပြုလုပ်ခဲ့သည်။ [၃][၄]

ဒေဝါနံပိယတိဿမင်းလက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ကြသော အနုရာဓပူရမြို့ရှိ သုပရမ စေတီ

ကိုးကား ပြင်ဆင်ရန်

  1. ဒေဝါနံပိယတိဿ (ပု) [ဒေဝါနံ+ပိယ+တိဿ။ ဒေဝါနံပိယတိဿောတိ ပိယော စ သော တိသော စာတိ ပိယတိဿာ၊ ဒေဝါနံ ပိယတိသော ဒေဝါနံပိယတိဿာ။ မောဂ်၊၂၊၁၁၉။ ယင်း-ပဉ္စိကာ။]
  2. Mahavamsa : the great chronicle of Ceylon။ London : Pub. for the Pali Text Society by Oxford Univ. Pr. (25 August 1912)။
  3. မဟာဝံ-သ၊ ၂၀။ ၁၇-၂၆။) ပုတ္တော ဒေဝါနံပိယတိဿော ရဇ္ဇံ ကာရေဿတိ။ ဝိ၊ဋ္ဌ၊၁၊၅၂။ (—ဝိမတိ၊၁၊၃၄။)
  4. တိပိဋကအဘိဓာန် အတွဲ-၁၀