[၁] နတ်, အသုရာစစ်ပွဲကို ပမာထား၍ ရူပါဝစရဈာန်ရပြီးသော ရဟန်းသည် ငါသည် ယခုအခါ ဘေးရန်လုံခြုံရာသို့ရောက်သော ကိုယ်ဖြင့် ယခုနေနိုင်ပြီး မာရ်နတ်သည် တစုံတရာမပြုနိုင်တော့ပြီဟု အကြံအစီ ဖြစ်သကဲ့သို့၊ မာရ်နတ်ကလည်း အကြံအစီဖြစ်ပုံ အရူပဈာန်ကို ရပြီးသော ရဟန်း, အာသဝေါကုန်ပြီးသော ရဟန်းကို၊ “ငါသည် မာရ်နတ်ကို (ပြုစီရင်နိုင်သော) အကြောင်းမရှိအောင် ကုန်ဆုံးအောင်ပြုနိုင်ပြီး မာရ်နတ်၏ မာရ်နတ်စက္ခုကို ဖျက်ဆီး၍ မမြင်နိုင်ရာသို့ရောက်ပြီ လောက၌ ကပ်ငြိ တွယ်တာမှု တဏှာကို လွန်မြောက်သူ”ဟု ဆိုအပ်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ နတ်, အသုရာတို့ စစ်ပွဲနှင့် ဆက်စပ်၍ သိမှတ် ဖွယ်များကို အကျယ်တဝင့် ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၂၂၈-၂၃၀။ အံ၊မြန်၊၃၊၂၂၈-၂၃၀။ အံ၊ဋ္ဌ၊၃၊၂၈၀-၁။ အံ၊ဋီ၊၃၊၃၀၁-၃။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-မဟာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ