ဒေါက်တာရန်မျိုးသိန်း (၂ အောက်တိုဘာ ၁၉၆၉ မွေးဖွား) သည် နိုင်ငံရေးလေ့လာသုံးသပ်သူ[၁] [၂] နှင့် စာရေးဆရာတစ်ဦး ဖြစ်သည်။

ဒေါက်တာရန်မျိုးသိန်း
မွေးဖွား (1969-10-02) ၂ အောက်တိုဘာ၊ ၁၉၆၉ (အသက် ၅၄)
ရန်ကုန်မြို့
မိခင်ကျောင်းဆေးတက္ကသိုလ် (၂) ရန်ကုန်
အလုပ်အကိုင်နိုင်ငံရေးလေ့လာအကဲခတ် နှင့် စာရေးဆရာ
အိမ်ထောင်ဖက်(များ)ဒေါ်ရှင်မင်း
သားသမီးသမီး ၂ဦး
မိဘ(များ)ဦးသန်းအောင်၊ဒေါ်သန်းသန်း

ဖခင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် နှင့် မိခင်ဖြစ်သူ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန အငြိမ်းစားကထိက ဒေါ်သန်းသန်း တို့က ၁၉၆၉ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ မွေးဖွားခဲ့သည်။မွေးချင်းလေးဦးအနက် အကြီးဆုံးဖြစ်သည်။

ဒေါက်တာရန်မျိုးသိန်းသည် သူငယ်တန်း မှ အဌမတန်းအထိ ရန်ကုန်မြို့ရန်ကင်းမြို့နယ် ရန်ကုန်ဆရာအတတ်သင်သိပ္ပံလေ့ကျင့်ရေးအလယ်တန်းကျောင်း (အလက - ၁)တွင် ပညာသင်ယူခဲ့ပြီး၊ နဝမတန်း နှင့် ဒဿမတန်းကို အ.ထ.က(၂)ဗဟန်းတွင် တက်ရောက်သင်ယူခဲ့သည်။၁၉၈၆ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီး၊ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ၌ ဆေးတက္ကသိုလ် (၂) ရန်ကုန် ကို တက်ရောက်သည်။ ဆေးတက္ကသိုလ်ကျောင်းသားဘဝ ဖြင့် ၁၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။ သူသည် ၂၀၀၁ ခုနှစ် မှ ၂၀၀၂ ခုနှစ်အထိ ရန်ကုန် စီးပွားရေး တက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနတွင် စီမံအုပ်ချုပ်မှုပညာဒီပလိုမာ (Diploma in Management and Administration - DMA) ကို တက်ရောက်ခဲ့ပြီး၊ ဒီပလိုမာကို ရရှိခဲ့သည်။

စာပေရေးသားခြင်း

ပြင်ဆင်ရန်

တက္ကသိုလ်ကျောင်းသားဘဝကတည်းက မိုဇန်သစ် ကလောင်အမည်ဖြင့် ကဗျာ နှင့် ရသစာတမ်းများကို အခါအားလျော်စွာ ရေးသားခဲ့သည်။၎င်းရေးသားသည့် ကဗျာအချို့ နှင့် အက်ဆေးအချို့ကို မဂ္ဂဇင်းအချို့ နှင့် စာစောင်အချို့က ပုံနှိပ်ဖော်ပြခဲ့သည်။သူသည် ကျန်းမာရေးပညာပေးဆောင်းပါးများကိုလည်း ရေးသားသည်။

ထုတ်ဝေခဲ့သောဘာသာပြန်စာအုပ်များ

ပြင်ဆင်ရန်
 
ကမ္ဘာ့အချက်အလက်အဘိဓာန်
  1. ကမ္ဘာ့အချက်အလက်အဘိဓာန်( ၂၀၀၁)
  2. ကမ္ဘာ့ကုလသမဂ္ဂနှင့်ဆက်စပ်အဖွဲ့အစည်းများ (၂၀၀၃)
  3. သွေးအုပ်စုအလိုက်နေထိုင်စားသောက်မှုအနုပညာ (၂၀၀၃)
  4. ဖဝါးအကြောနှိပ်ကုထုံးအလွယ်ဆုံးနည်း (၂၀၀၈)
 
၂၀၁၅ ခုနှစ်အလွန် NLD ပါတီနှင့်သမ္မတဇာတ်လမ်း
 
ဖွဲ့စည်းပုံအကျပ်အတည်း ၂၀၁၅ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဒီရေ
 

နိုင်ငံရေးအကဲခတ် ဆောင်းပါးရှင်ဘဝ

ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် နိုင်ငံတကာရေးရာသုံးသပ်ချက်ဆောင်းပါးများ နှင့် မြန်မာ့သမိုင်းဆိုင်ရာဆောင်းပါးများကို True News ဂျာနယ် နှင့် Eleven ဂျာနယ်တို့တွင် ရေးသား‌ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံရေးအကဲခတ်ချက်နှင့်သုံးသပ်ချက်ဆောင်းပါးများကို ပိုမိုအားစိုက်ရေးသားခဲ့သည်။ True News ဂျာနယ်၊ Eleven ဂျာနယ်၊ 7 Day ဂျာနယ် အပါအဝင် ဂျာနယ်များ၊ သတင်းစာများတွင် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများကို ရေးသားခဲ့သည်။ နိုင်ငံရေးသုံးသပ်ချက်များကိုလည်း ပြည်တွင်း နှင့် ပြည်ပသတင်းဌာနများအား ဖြေကြားသည်။[၃][၄]

မိသားစုဘဝ

ပြင်ဆင်ရန်

ဒေါက်တာရန်မျိုးသိန်းသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။

  1. ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေးအပေါ် ဆွေးနွေးမှုRFA Burmese (၂၀၁၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ၂၀၁၉ နှစ်ကြို သုံးသပ်ချက် (နှစ်ကုန်အထူးအစီအစဉ်)VOA Burmese (၃၁ ဒီဇင်ဘာ ၂၀၁၈)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုအတွေး၊ ပြည်ထောင်စုအရေး (တိုက်ရိုက်လေလှိုင်း)VOA Burmese (၁၃ ဖေဖော်ဝါရီ ၂၀၁၉)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဘာ အားနည်းခဲ့လဲBBC Burmese (၂ ဧပြီ ၂၀၁၇)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။