ဒေါင်းဆင်ဒရုန်း

(ဒေါင်း ရောဂါလက္ခဏာ မှ ပြန်ညွှန်းထားသည်)

ဒေါင်းဆင်ဒရုန်း (အင်္ဂလိပ်: Down syndrome) သို့မဟုတ် ထွိုင်ဆိုမီ-၂၁ (အင်္ဂလိပ်: Trisomy 21 ) သည် မျိုးရိုးဗီဇအစဉ်မကျခြင်းဖြစ်ပြီး ခရိုမိုဆုမ်း-၂၁ တွင် ၂ ခုတစ်စုံ ဖြစ်ရမည့်အစား ၃ ခုတွဲကာ ၃ ခုတစ်စုံ ဖြစ်လာသည်က ဒီရောဂါ အရင်းခံတည်း။ [၁] ထိုသို့ဖြစ်က ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှေးခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှု အနိမ့်စားမှ အလတ်စားအထိ ဖြစ်ခြင်း၊ မြင်သာသော မျက်နှာသွင်ပြင်ဆိုင်ရာ ရှိခြင်းတို့ တွေ့ရသည်။ [၂] ဒေါင်းဆင်ဒရုန်းရသူ၏ ပျမ်းမျှဉာဏ်ရည်မှာ ၅၀ သာဖြစ်ပြီး ၈ နှစ်သား ၁၀ နှစ်သားကလေး၏ ဉာဏ်ရည်မျှသာ ဖြစ်သည်။ သို့သော် ကွဲပြားသည်လည်း ရှိ၏။ [၃]

ရောဂါရသူ၏ မိဘများမှာ မျိုးရိုးဗီဇအရ ပုံမှန်ကောင်းမွန်သူများလည်း ဖြစ်နိုင်သည်။ [၄] အသက် ၂၀ ကျော်မိခင်များတွင် ၀.၁% မျှ ဤသို့ဖြစ်လာနိုင်ပြီး အသက် ၄၅ နှစ်အရွယ်မိခင်တွင်မူ ဖြစ်တန်စွမ်း ၃% အထိ တိုးသည်။ [၅] အပိုထွက်လာသော ခရိုမိုဇုမ်းမှာ မည်သို့အတွက်ကြောင့် ဖြစ်ရသည်ဟု မသိရသေး။ [၆] သို့သော် ရောဂါရှိမရှိကို ကိုယ်ဝန်ဆောင်ချိန်၌ သန္ဓေသားစစ်ဆေးခြင်းနည်းဖြင့် စမ်းသပ်ကာ သိနိုင်သည့်နည်းတူ မွေးဖွားပြီးပြီးချင်း မျိုးရိုးဗီဇစစ်ဆေး၍လည်း သိနိုင်သည်။ [၇] ထိုသို့စစ်ဆေးနည်း ပေါ်ပြီးကတည်းကပင် စစ်ဆေး၍ ရောဂါရှိသည်ဟု သိပါက ကိုယ်ဝန်ဖျက်သည်က များလေ၏။ [၈]

ကိုးကား ပြင်ဆင်ရန်

  1. Patterson, D (Jul 2009). "Molecular genetic analysis of Down syndrome". Human Genetics. 126 (1): 195–214.
  2. Weijerman, ME; de Winter, JP (Dec 2010). "Clinical practice. The care of children with Down syndrome". European Journal of Pediatrics. 169 (12): 1445–52.
  3. Malt, EA; Dahl, RC; Haugsand, TM; Ulvestad, IH; Emilsen, NM; Hansen, B; Cardenas, YE; Skøld, RO; Thorsen, AT; Davidsen, EM (Feb 5, 2013). "Health and disease in adults with Down syndrome". Tidsskrift for den Norske Laegeforening. 133 (3): 290–94.
  4. Hammer, edited by Stephen J. McPhee, Gary D. (2010). "Pathophysiology of Selected Genetic Diseases". Pathophysiology of disease : an introduction to clinical medicine (6th ed.). New York: McGraw-Hill Medical. pp. Chapter 2.
  5. Morris, JK; Mutton, DE; Alberman, E (2002). "Revised estimates of the maternal age specific live birth prevalence of Down's syndrome". Journal of Medical Screening. 9 (1): 2–6.
  6. "What causes Down syndrome?". 2014-01-17. Archived from the original on 5 January 2016. Retrieved 6 January 2016.
  7. "How do health care providers diagnose Down syndrome?". Eunice Kennedy Shriver National Institute of Child Health and Human Development. 2014-01-17. Archived from the original on 7 March 2016. Retrieved 4 March 2016.
  8. Natoli, JL; Ackerman, DL; McDermott, S; Edwards, JG (Feb 2012). "Prenatal diagnosis of Down syndrome: a systematic review of termination rates (1995–2011)". Prenatal Diagnosis. 32 (2): 142–53.